
ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်တွေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေါကမီး နဲ့ ဆီးလီဒုန်း ကျေးရွာနေ ပြည်သူ ၂ ဦး ဗုံးထိမှန်သေဆုံးကာ ၄ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ယမန်နေ့က တစ်နေကုန်နီးပါး အမြောက်လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် နန်းမယ်ခုံ ကျေးရွာက နေအိမ်တွေ မီးလောင်ခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။