စစ်အုပ်စုရဲ့ မဲဇလီစခန်းကို PDF က ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ အကြဖမ်းဖက်စစ်အုပ်စုရဲ့ မဲဇလီရဲစခန်းကို PDF ပူးပေါင်းအဖွဲ့က M79 ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွင့်ဖြူ PDF က သတင်းထုတ်ပြန်လိုက်ပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ည ၇ နာရီ ၂၉ မိနစ်ခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုက သေဆုံးသူတွေ ရှိနေနိုင်တယ်လို့ သိရပါတယ်။
ပွင့်ဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ မကွေးတိုင်းအတွင်းကို အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်လာရောက်မဲ့ ခရီးစဉ်ကိုလည်း အစွမ်းကုန်တားဆီးပြီး စစ်ရေးအရှိန်ကို တိုးမြှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကလည်း တပ်ထောက်ခံပွဲလုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်ဖြစ်သူနဲ့ အပေါင်းအပါတွေကို မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ လမ်းသွားလမ်းလာပြည်သူတွေက ချထားတဲ့ မိုင်းကို သွားရောက်ကိုင်တွယ်ကြည့်ရှု့ခဲ့တာကြောင့် အချိန်ကိုက် ဖောက်ခွဲနိုင်ခြင်းမရှိခဲ့ဘဲ ပြည်သူတွေ ဘေးကင်းချိန်ရောက်မှသာ ဖောက်ခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပွင့်ဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ရေးအရှိန်တွေကို မြှင့်တင်တော့မှာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ထွက်တာတွေကို ရှောင်ရှားပြီးတော့ စစ်အုပ်စုနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။