မန္တလေးတွင် KBZ ဘဏ်ရဲ့ ATM စက်မီးရှို့ခံရ

မန္တလေးတွင် စစ်အုပ်စုနဲ့ဆက်နွယ်ပတ်သက်နေသည့် KBZ ဘဏ်ရဲ့ ATM ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဒီနေ့မနက်အစောပိုင်းတွင် မီးရှို့လိုက်ကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ (VOMDY) ကဖော်ပြထားပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန် ၈၃ လမ်း လမ်း ၂၀ နဲ့ ၂၁ လမ်းကြားရှိ KBZ ဘဏ်ATM ကို JMPDF နှင့် MPDF ပူးပေါင်းအဖွဲ့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မီးသတ်ကား ၃ စီးမလာခင် ဘေးပတ်ဝန်းကျင်မှ လူများဝိုင်းငြှိမ်းသဖြင့် မီးငြိမ်းသွားပြီးစစ်အုပ်စုနဲ့ရဲများ ရောက်ရှိလာကာ စစ်ဆေးမှုများလုပ်ဆောင်ကြတယ်လို့သိရပါတယ်။