ပြည်သူတွေကို အရှင်အလတ်လတ် မီးရှို့သတ်ခဲ့တဲ့စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို အရေးယူမယ်

စစ်တပ်က အရှင်အလတ်လတ် မီးရှို့သတ်ခဲ့သော ၀က်လက်ပြည်သူ ၆ ဦးရဲ့အမည်စာရင်းနဲ့စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကို အရေးယူဆောင်ရွာနိုင်ဖို့လုပ်ဆောင်နေတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ ထုတ်ပြန်လိုက်ပါတယ်။
အခုလို အပြစ်မဲ့ အရပ်သားပြည်သူ ၆ ဦးကို လူမဆန်စွာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်မှု စစ်ရာဇဝတ်မှု ကျူးလွန်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လမ်းညွှန်မှုအတိုင်း အရေးယူဆောင်ရွက်နိုင်ဖို့အတွက် မှတ်တမ်းတင်သွားမယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ဖေဖော်၀◌ါရီလ (၅) ရက်နေ့နေ့စွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။