အကြမ်းဖက်စစ်သားတွေတပ်စွဲထားတဲ့ ခရမ်း၊ ဇွဲတွန်ဂိတ်ပေါက်ကွဲ

၄ရက် ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၂

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်တပ်စွဲထားတဲ့ ဇွဲတွန်ဂိတ်မှ အဝေးထိန်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ယမန်နေ့ည ၆နာရီခွဲလောက်မှာ ပေါက်ကွဲခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်နဲ့ ခရမ်းPDFတို့အပြန်အလှန်ပစ် ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းမီဒီယာကဖော်ပြပါတယ်။

ခရမ်းသားတွေသွေးမအေးကြောင်း သက်သေပြလိုက်ခြင်းဖြစ်ပြီး ခရမ်းမြို့မှာရှိတဲ့ အကြမ်းဖက်စစ်သားတွေ ကို အချိန်မရွေးသုတ်သင်နေဦးမယ်လို့ ခရမ်းPDF နဲ့နီးစပ်သူတစ်ဦးကပြောကြောင်း ခရမ်းမီဒီယာကဖော်ပြပါတယ်။

 

‘စစ်ခွေးတွေရှိနေတဲ့ပစ်မှတ်ကိုထိတယ်လို့သိရတော့ အသေအပျောက်ရှိမှာပါ။ဒီနေ့မနက်အထိတော့ အသေအပျောက်စာရင်းမသိရသေးဘူး’လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

ဇွဲတွန်ဂိတ်ကအကြမ်းဖက်စစ်သားတွေဟာ ဖြတ်သန်းသွားလာတဲ့ ကားနဲ့ဆိုင်ကယ်တွေကို အကြောင်းအ မျိုးမျိုးပြ ပြီး ငွေအတောင်းအရမ်းသောင်းကျန်းနေတဲ့ ဂိတ်ဖြစ်ပါတယ်။

 

ဇန်နဝါရီ၃၁ရက်နေ့ကလည်း ခရမ်းမြို့ပေါ်က သစ်တောစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အကြမ်း ဖက်စစ်သား၂ဦးသေပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။