မြန်မာမှာ သွေးမြေကျနေတာကို စိတ်မကောင်းဖြစ်မိတယ်လို့ ပုပ်ရဟန်းမင်းကြီးပြော

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် သွေးမြေကျနေတာကို စိတ်မကောင်းစွာ တွေ့မြင်နေရတယ်လို့ ပုပ်ရ ဟန်းမင်းကြီးက ပြောကြားလိုက်ပါတယ်။
ဖေဖေါ်ဝါရီ ၂ ရက်နေ့၊ အပတ်စဉ်ပြုလုပ်နေကျ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက အဲဒီလို ပြောကြားခဲ့တာပါ။
ဒါ့ကြောင့်မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်မြောက်အောင် လုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ပုပ်ရဟန်းမင်းကြီး က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ မေတ္တာရပ်ခံချက်နဲ့ထပ်တူ နိုင်ငံတကာကို မေတ္တရပ်ခံချင်ပါတယ်လို့ပုပ်ရဟန်းမင်းကြီးကဆိုပါတယ်။
မြန်မာအကြမ်းဖက်စစ်အုပ်စုဟာ ဒီမိုကရေစီအတိုက်အခံအင်အားစုတွေသာမက အရပ်သားပြည်သူ တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ရပ်ရွာတွေပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြတ်ပြတ်သားသား ကျူးလွန်နေပြီး ကုလသမဂ္ဂက ထိရောက်တဲ့အရေးယူမှုမရှိပါဘူး။