ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အထောင်-သောင်ကြီး လမ်းတလျှောက်မှာရှိတဲ့ စက်သုံးဆီလက်လီရောင်းချနေတဲ့ ဆိုင်ငယ်လေးတွေကို စစ်အုပ်စုက ဖမ်းဆီးဖို့ ပြင်ဆင်နေတယ်လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ စက်သုံးဆီလုပ်ငန်းရှင် အသိုင်းအဝန်းဆီကနေ သိရပါတယ်။
စစ်အုပ်စုဟာ ပုသိမ်-သောင်ကြီး-အထောင်-ရှားခဲ လမ်းတလျှောက်မှာ ရှိတဲ့ ဆိုင်ငယ်တွေကို ဖမ်းဆီးဖို့ပြင်ဆင်နေတာဟာ အထောင်မြောက်ဖျားမှာရှိတဲ့ စစ်အုပ်စုရဲ့ အပေါင်းအပါ စက်သုံးဆီဆိုင်ကြီးတစ်ခုကနေ တိုင်ကြားမှုကြောင့် ဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
“လမ်းဘေးမှာ ပုလင်းလေးတွေထောင်ပြီး တစ်နေ့မှ တစ်ဂါလံ နှစ်ဂါလံရောင်းနေတဲ့ ဆိုင်လေးတွေကို ပြသနာရှာမယ်လို့ သတင်းရထားတယ်၊ သူတို့လူရဲ့ ဆီဆိုင်ကနေ တိုင်လို့ ဖမ်းဖို့လုပ်နေတာလို့ကြားတယ်၊ ပုလင်းထောင်ဆိုင်လေးတွေအနေနဲ့ ကြိုတင်ပြီးတော့ သိမ်းဆည်းစရာရှိတာကို သိမ်းဆည်းထားဖို့ မိတ်ဆွေတွေကိုတော့ လိုက်ပြောထားတယ်၊ စကစက အရမ်းယုတ်မာတာဆိုတော့ သတိထားဖို့လိုမယ်”လို့ ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။