သြစတြီးယားမှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ဦးအောင်မျိုးမင်း တက်ရောက် ၊ စစ်အုပ်စုက ကန့်ကွက်စာပို့

သြစတြီးယားနိုင်ငံမှာ မနေ့က ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
“MYANMAR TODAY: THE END OR BEGINNING OF DEMOCRACY?” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီပွဲမှာတော့ အီးယူအ​ကြောင်း နိုင်ငံတကာအ​ကြောင်းနဲ့ သြစတြီးယားနိုင်ငံအ​ကြောင်း​တွေနဲ့အတူ မြန်မာနိုင်ငံ​ရေးကို ဘယ်လို ဝိုင်းဝန်းလုပ်​ဆောင်ကြမလဲ ဆိုတာ တင်ပြဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက သူ့ရဲ့ ဖေ့စ်ဘုတ် လူမှုစာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ဒီပွဲကို မကျင်းပဖို့ မြန်အာအာဏာသိမ်းအကြမ်းစစ်အုပ်စုလက်အောက်ခံ သံရုံးကလည်း ကန့်ကွက်စာပို့ခဲ့တယ်လို့ ဆိုပါတယ်။
ဦးအောင်မျိုးမင်းအပါအဝင် Organization for Security and Co-operation in Europe ဆိုင်ရာ သြစတြီးယားသံအမတ်ဟောင်း Christian Strohal နဲ့ မြန်မာနိုင်ငံဆိုင်ရာ အီးယူကိုယ်စားလှယ်ဟောင်း Georg Bauer တို့လည်း ဆွေးနွေးခဲ့ကြပါတယ်။