ငပုတောမြို့မှာ စစ်အုပ်စုသတင်းပေးလို့ နာမည်ကြီးနေသူ အမျိုးသားတစ်ဦး အပစ်ခံရ

၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ သစ်ရောင်းကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးနေတယ်လို့ နာမည်ကြီးနေသူ အမျိုးသားတစ်ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၇ရက်နေ့ ည၁၀နာရီ ၄၀မိနစ်ခန့်မှာ ငပုတောမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တွေက ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်ပြီး သေဆုံးသူ ဦးအောင်ထွန်းမင်းဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေကို ဒုက္ခပေးနေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

“သတင်းပေးသေချာ ဟိုရက်က အဖမ်းခံရတာတွေက သူ့ကြောင့်၊ PDFတွေက သတိပေးထားတာကြာပြီ အဲ့ဒါကို မကြောက်ဘူးဆိုပြီး ဆက်လုပ်နေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလိုရှင်းလင်းမှုကို ငပုတောမြို့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့ NSTFနဲ့ ညီနောင် မဟာမိတ်အဖွဲ့ဖြစ်တဲ့ YGW/ area 14တို့က ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။