၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။
ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်ထဲက Mytel တာဝါတိုင်ဝန်းကျင်တွေမှာ အကြမ်းဖက်စစ်တပ်က မြေမြှုပ်မိုင်းတွေ လိုက်လံမြှုပ်နှံထားတယ်လို့ ဒေသတွင်း နွေဦးတော်လှန် ရေးစာမျက်နှာ ခရမ်းချန်နယ်က ထုတ်ပြန်လိုက်ပါတယ်။
ခရမ်းချန်နယ်ကရရှိထားတဲ့စာရင်းတွေအရ ထိန်ပင်ကွင်းရွာ၊ညောင်ပင်ကွင်းရွာ၊ထုံးအိုင်ပေါက်ရွာ၊ပ လူကန်ရွာနဲ့ ကမာကလူရွာတွေက Mytel တာဝါတိုင်ဝန်းကျင်မှာ ယမန်နေ့ကစလို့ အကြမ်းဖက်စစ် တပ်က မြေမြှုပ်မိုင်းတွေထောင်ထားတယ်လို့ ခရမ်းချန်နယ်ကဆိုပါတယ်။
‘မြေမြှုပ်မိုင်းတွေထောင်နေတဲ့အကြောင်း ရွာသားတွေ လှမ်းသတင်းပေးလို့ ကျွန်တော်တို့သိရတာပါ’ လို့ ခရမ်းချန်နယ်ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ခရမ်းမြို့နယ်အတွင်း Mytel တာဝါတိုင်နဲ့ Mytel စက်တပ်ထားတာတွေ အများစုရှိပြီး မြို့ပေါ်က Mytel တာဝါတိုင်၂ခုအနက် ၁ခုကို ခရမ်းPDF က မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။
‘မိုင်းခွဲတာမပျက်စီးလို့ နောက်တစ်ခါမှာ မီးရှို့ဖျက်ဆီးခဲ့တာ’လို့ သူကပြောပါတယ်။
ခရမ်းမြို့ပေါ် ၇ရပ်ကွက်အတွင်းရှိ Mytel ဆက်သွယ်ရေးစက်နားမှာလည်း ယမန်နေ့က အကြမ်း ဖက် စစ်တပ်က မိုင်းလာထောင်သွားတယ်လို့ သိရကြောင်းပြောပါတယ်။
ခရမ်းမြို့ဟာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း နိုင်ငံရေးနိုးကြားမှုအားအကောင်းဆုံးမြို့ဖြစ်ပြီး ခုခံတော်လှန်စစ်ဆင်နွှဲမှုမှာလည်း ထိပ်ဆုံးကရပ်တည်နေပါတယ်။
ပုံစာ(နိုဝင်ဘာ၂၉ရက်နေ့ကခရမ်းမြို့ပေါ်မှာ ပြုလုပ်တဲ့ ပိုစတာသပိတ်)