၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။
မွန်ပြည်နယ်၊သထုံမြို့ပေါ်အတွင်း ဒီနေ့မနက် ၅နာရီခွဲကျော်မှာ အဝေးထိန်းမိုင်း၇လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ သိ ရပါတယ်။
ဒီဖောက်ခွဲမှုကို မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF)ကို ပြုလုပ်ခြင်းဖြစ်ပြီး အခုထက်ပိုပြင်းထန်တဲ့ တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ MTHSF ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
‘ပြည်သူတွေကို မထိခိုက်စေချင်လို့ မနက်ပိုင်းလူရှင်းတဲ့အချိန်ရွေးချယ်ပြီး သတိပေးဖောက်ခွဲလိုက်တာပါ။ ဘာကိုသတိပေးတာလဲဆိုတော့ ဒါ့ထက်ပိုပြင်းထန်တဲ့ ဖောက်ခွဲမှုတွေ ဆက်လာတော့မယ်ဆိုတာကို သတိ ပေးတာပါ။ပြည်သူတွေအနေနဲ့လည်း အတတ်နိုင်ဆုံး အသွားအလာဆင်ခြင်ကြပါလို့ မေတ္တာရပ်ခံချင်ပါ တယ်’လို့ သူကပြောပါတယ်။
အဝေးထိန်းမိုင်းပေါက်ကွဲတဲ့နေရာတို့မှာ လိပ်အင်းအုပ်ချုပ်ရေးမှူးရုံး၊နန်းခဲအုပ်ချုပ်ရေးမှူးရုံး၊အောက်ကျင်း အုပ်ချုပ်ရေးမှူးရုံး၊ကညနရုံး၊မွေး/ရေဘဏ်နဲ့ ပေါ်တော်မူစစ်ဆေးရေးဂိတ်တို့ဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
‘ရုံးတွေကခုံတွေပျက်စီးတာရှိတယ်။မွေး/ရေဘဏ်ကမီးစက်ပျက်တယ်။ကညနရုံးမှာ ၂လုံးကွဲတယ်။ သိမ် ကုန်းအုပ်ချုပ်ရေးမှူးရုံးက မိုင်းအသွားတယ်’လို့ သူကပြောပါတယ်။
သိမ်ကုန်းအုပ်ချုပ်ရေးမှူးရုံးကို မနက်၇နာရီမထိုးခင်က စစ်ကားတစ်စီးရောက်လာကာ ရုံးရှေ့လမ်းကို တစ် နာရီကျော်ပိတ်ထားပြီး မိုင်းရှင်းခဲ့ပါတယ်။
‘ဒီနေ့နေ့ခင်းအထိ သထုံတစ်မြို့လုံး စစ်ခွေးတွေယောက်ယက်ခတ်နေတယ်’လို့ သထုံမြို့သားတစ်ဦးကပြော ပါတယ်။