
၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။
ဘိုင်ယန်မြူးနစ်ဟာ ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါကို ချယ်လ်ဆီးမှာ လက်ရှိရနေတဲ့ လုပ်ခလစာထက် နှစ်ဆပိုပေးပြီး ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရှိရပါတယ်။
ချယ်လ်ဆီးနဲ့ ရူဒီဂါတို့အကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်က သက်တမ်းအားဖြင့် နောက်ဆုံးနှစ် အပိုင်းအခြားထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ချယ်လ်ဆီးကတော့ သူတို့အနေနဲ့ ရူဒီဂါကို စာချုပ်သစ် ချုပ်ဖို့အတွက် အချိန်တစ်ခုရောက်ရင် ဆွေးနွေးသွားမှာသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။
ချယ်လ်ဆီးဟာ ရူဒီဂါကို တစ်နှစ်လုပ်ခ ပေါင် ငါးသန်း ပေးချေထားပြီး ဘိုင်ယန်မြူးနစ်ကတော့ တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းနဲ့ခေါ်ယူဖို့ ရူဒီဂါကို မက်လုံးပေး စည်းရုံးနေကြောင်း သတင်းကြားသိရပါတယ်။
ရူဒီဂါကတော့ သူ့အနေနဲ့ ချယ်လ်ဆီးမှာ ကစားသမားဘဝဖြတ်သန်းရတာကို ပျော်ရွှင်ကြောင်း အသိပေးထားပြီး အသင်းဘက်က သူ့စွမ်းဆောင်ရည်နဲ့ထိုက်တန်တဲ့ လုပ်ခလစာမျိုးကို ပေးချေလာခဲ့ရင် စာချုပ်သစ်ချုပ်ဖို့ကို ချက်ချင်းပဲ လက်ခံသွားဖို့ရှိကြောင်း ရူဒီဂါက အသိပေးထားပါတယ်။