အင်းတော်မြို့နယ် မော်တိတ်ရဲစခန်းကို မီးရှို့ဖျက်ဆီး

၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

အင်းတော်မြို့နယ် မော်တိတ်နယ်မြေရဲစခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ Indaw Revolution IRအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၅ရက်နေ့ မနက် ၂နာရီခန့်မှာ မော်တိတ်နယ်မြေရဲစခန်းကို ဝင်ရောက်ပြီး စခန်းဝန်းအတွင်းရှိ အဆောက်အဦး ၃ခုကို မီးတင်ရှို့ခဲ့ရာမှာ အဆောက်အဦး ၂ခု မီးလောင်ကျွမ်းသွားခဲ့တယ်လို့ သိရပါတယ်။

စခန်းအတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ နေထိုင်ခြင်းမရှိတော့တာကြောင့် ထိတွေ့ပစ်ခတ်မှုတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အခုလို မီးရှို့ဖျက်ဆီးခဲ့တာဟာ မော်တိတ်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စု ထောက်ခံသူတွေကို သတိပေးလိုက်တာဖြစ်တယ်လို့ Indaw Revolution IRကပြောပါတယ်။

အင်းတော်မြို့နယ်အတွင်းမှာ နယ်မြေရဲစခန်းတွေမှာ စစ်အုပ်စုက သူတို့လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို ထားရှိခြင်း မရှိတော့ဘဲ အင်းတော်မြို့မစခန်းမှာ စုစည်းနေကြတာဖြစ်ပါတယ်။

နယ်မြေရဲစခန်းတွေဖြစ်တဲ့ နဘား၊ မော်တိတ်၊ မဲဇာ၊ ပင်ဝယ်ရဲစခန်းတွေကို နေ့ပိုင်းတွေမှာ စစ်အုပ်စုရဲ့ လုံခြုံရေးအစောင့်အရှောက်နဲ့ လာရောက်ဖွင့်လှစ်ပြီး မြို့ပေါ်မှာသူ စခန်းချနေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။