ဂဒါဖီရဲ့သားဖြစ်သူ လစ်ဗျားသမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ်

၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

လစ်ဗျားသမ္မတရွေးကောက်ပွဲမှာ အာဏာရှင်ဟောင်း ဂဒါဖီရဲ့ သားဖြစ်သူ ဆေ့အယ်အစ္စလာမ် အယ်ဂဒါဖီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။

လစ်ဗျားသမ္မတရွေးကောက်ပွဲဟာ လာမယ့် ဒီဇင်ဘာလ ၂၄ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး အာဏာရှင်ဟောင်း ဂဒါဖီဟောင်းရဲ့ သားဖြစ်သူ အယ်ဂဒါဖီကတော့ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ မနေ့က စာရင်းသွင်း မှတ်ပုံတင်ထားလိုက်တာဖြစ်ပါတယ်။

အာဏာရှင်ဟောင်း ဂဒါဖီရဲ့ သားဖြစ်သူဟာ လစ်ဗျားနိုင်ငံတောင်ပိုင်း ဆက်ဘာမြို့ ရွေးကောက်ပွဲစင်တာကို လာရောက် စာရင်းပေးသွားခဲ့တာဖြစ်တယ်လို့ လစ်ဗျားရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်အသိပေးပါတယ်။

အာဏာရှင်ဟောင်း ဂဒါဖီရဲ့ သားဖြစ်သူအနေနဲ့ အခုလို သမ္မတရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိမှာ ဝေဖန်မှုတွေ ခံနေရသလို ဖခင်ဖြစ်သူရဲ့ အတိတ်ပုံရိပ်တွေကြောင့် လူထုကြိုက်နှစ်သက်မှု နည်းပါးမယ့် အခြေအနေရှိနေတယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။