၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။
အီကွေဒေါနိုင်ငံ ဂွါယာကီရယ်အကျဉ်းထောင်မှာ အဓိကရုဏ်းဖြစ်လို့ ထောင်တွင်း အကျဉ်းသား အနည်းဆုံး ၆၈ ဦး သေဆုံးခဲ့ရတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အခုလို ထောင်တွင်းဖြစ်တဲ့ အဓိကရုဏ်းကြောင့် အကျဉ်းသား တစ်ရာကျော်သေဆုံးခဲ့ပြီးနောက်မှာ အခုနိုဝင်ဘာလမှာ အကျဉ်းသားချင်းထပ်ဖြစ်တဲ့ ထောင်တွင်းတိုက်ပွဲသစ်ဖြစ်ပါတယ်။
ဒီ အဓိကရုဏ်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်၊ သောကြာနေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ အီကွေဒေါနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ အခုနှစ်အထိ အကျဉ်းသားပေါင်း ၃၀၀ နီးပါးလောက် သေဆုံးခဲ့ရပြီဖြစ်ပါတယ်။
ထောင်တွင်းတိုက်ပွဲအများစုဟာ မတူညီတဲ့ ဂိုဏ်းတွေ ပဋိပက္ခဖြစ်ရာကနေ စတင်ခဲ့တာများပါတယ်။
စက်တင်ဘာလက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းမှာဆိုရင် ဆီနာလိုအာနဲ့ ဂျာလီစကိုနယူးဂျနရေးရှင်း စတဲ့ နာမည်ကြီး မူးယစ်ဂိုဏ်းတွေပါဝင်ခဲ့တာပါ။
အခုဖြစ်တဲ့ ဂွါယာကီရယ်အကျဉ်းထောင် အဓိကရုဏ်းဖြစ်ရပ်ကိုတော့ ထောင်တာဝန်ရှိသူတွေက ထိန်းချုပ်ထားပြီး ထောင်တွင်းနဲ့ ထောင်ပြင်ပ နေရာတွေမှာ လုံခြုံရေးကို အထပ်ထပ် ပြုလုပ်ထားပါတယ်။
ဂွါယာကီရယ်အကျဉ်းထောင်ဟာ အကျဉ်းသား ၇၀၀ လောက် ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်တစ်ခုဖြစ်ပါတယ်။