၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။
စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်တပ်သွားလာရာမှာ မိုင်းဆွဲခံရမှာကြောက်လို့ လမ်းမကြီးတွေကို စိတ်ချ လက်ချ အသုံးမပြု ရဲတော့ဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မကြာခဏမိုင်းဆွဲခံနေရတာကြောင့် လမ်းမကြီးဘေးဝဲယာကနေသာ မိုင်းဆွဲသူပြောက် ကျားတွေရှိ၊မရှိ ရှာဖွေပြီးမှ လမ်းမကြီးကို အသုံးပြုရဲတော့ကြောင်း ပုလဲမြို့နယ်အတွင်းရှဒေါင်းနက် တပ်ဖွဲ့ပြောက်ကျားခေါင်း ဆောင်တစ်ဦးကပြောပါတယ်။
မိုင်းဆွဲသူတွေဟာ လမ်းမကြီးနံဘေး မိုင်းထောင်ထားပြီးနောက် အနည်းဆုံးပေ၁၀၀ကျော်ကနေ မိုင်းနဲ့ချိတ် ဆက် ထားတဲ့ ကြိုးကိုဆွဲတာကြောင့် အကြမ်းဖက်စစ်သားတွေဟာ လမ်းဘေးဝဲယာမှာ မိုင်းဆွဲသူရှိ၊မရှိရှာပြီးမှ လမ်းမ ကြီးကို အသုံးပြုကြတာလို့သိရပါတယ်။
‘အရင်တုန်းကဆို လမ်းမကြီးတွေပေါ်ကားတွေနဲ့ဖြတ်တယ်။မိုင်းဆွဲခံရတယ်။အခုတစ်ပတ်၊၁၀ရက်လောက်ကစပြီး လမ်းဘေးဝဲယာကနေ အဖွဲ့နှစ်ဖွဲ့ခွဲ လွှတ်ပြီးမှ စိတ်ချရပြီဆိုမှ လမ်းမကြီးပေါ် ကားဖြတ်ရဲတော့တာ။လမ်းဘေးဆို တာက လမ်းမဟုတ်တဲ့အတွက် အချိန်ယူပြီး လမ်းလျှောက်ရတယ်’လို့ သူကပြောပါတယ်။
နိုဝင်ဘာ၁၀ရက်နေ့ကလည်း ယင်းမာပင်ကနေ ပုလဲကိုလာတဲ့ စစ်တပ်ဟာ အရင်လိုလမ်းမကြီး ကိုစိတ်ချလက်ချ မသုံးရဲတော့ဘဲ လမ်းဘေးမှာ မိုင်းဆွဲသူရှိ၊မရှိ ရှင်းလင်းပြီးမှ လမ်းမကြီးပေါ် ကားကိုဖြည်းဖြည်း မောင်းနှင်စေတယ် လို့သိရပါတယ်။
‘စစ်ခွေးတွေ က ကျွန်တော်တို့အစွမ်းကောင်းကောင်းသိသွားလို့ ဒုက္ခခံ လမ်းလျှောက်ပြီး ပုလဲရောက်ဖို့ အချိန် တော် တော်ယူလိုက်ရတယ်’လို့ ယင်းမာပင်ပြောက်ကျားတစ်ဦးကပြောပါတယ်။
အခုအခါ အကြမ်းဖက်စစ်သားတွေက လမ်းဘေးဝဲယာကို လမ်းဆင်းလျှောက်မိုင်းရှင်းလင်းနေတဲ့အတွက် ဒေသခံ ပြောက်ကျားတွေကလည်း လမ်းမကြီးပေါ်မိုင်းမဆင်ဘဲ လမ်းဘေးဝဲယာက သစ်ပင်တွေမှာ မိုင်းဆင်ပြီး မိုင်းဆွဲနေ ကြတယ်လို့ ဒေါင်းနက်ပြောက်ကျားခေါင်းဆောင်ကဆိုပါတယ်။
‘ကျွန်တော်တို့အားသာချက်က ကြိုသတင်းရတာ။စစ်ခွေးတွေ လမ်းပေါ်ကလာသလား၊လမ်းဘေးက လာသလား ကြိုသိတော့ လုပ်ရအဆင်ပြေတယ်’လို့ သူကပြောပါတယ်။
နိုဝင်ဘာ၈ရက်နေ့က ပုလဲမြို့နယ်၊ကိုးလောင်းကွေ့မှာ ဒေသခံပြောက်ကျားတပ်ဖွဲ့တွေမိုင်းဆွဲခဲ့ရာ စစ်သား၅၂ဦး သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ၁၀ရက်နေ့မှာလည်း ပုလဲမြို့နယ်၊နဂါးမတောင်ရွာနားမှာ မိုင်းဆွဲခံရလို့ အကြမ်းဖက်စစ်သား၂၀ကျော် သေဆုံးခဲ့ပါတယ်။
Photo – Google