ထားဝယ်မြို့မှာ ဒလန်လို့နာမည်ကြီးနေတဲ့ မှုခင်းသတင်းထောက် အမျိုးသမီးတစ်ဦး အပစ်ခံရ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

ထားဝယ်မြို့ ပိုကျွန်းရပ်ကွက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ခြိမ်းခြောက် ဒလန်လုပ်နေတယ်ဆိုတဲ့ မှုခင်းသတင်းထောက် အမျိုးသမီးတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ သပိတ်စစ်ကြောင်းခေါင်းဆောင်တွေ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းတွေကိုရယူပြီး စစ်အုပ်စုကို သတင်းပေးနေတယ်လို့ နာမည်ကြီးနေတဲ့ ဒေါ်ဇာခြည်ဦးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ခေါင်းရောကိုယ်ရော အပစ်ခံရတာ အချက်မနည်းဘူး၊ သူအာဏာသိမ်းတာကိုပျော်နေတဲ့သူ မြို့မှာ ၅၀၅အကပ်ခံရပြီး ရှောင်နေရသူတွေဆိုရင် ငွေညှစ်တယ် တပ်နဲ့ညှိပေးမယ် ပိုက်ဆံပေးဆိုပြီးတော့ သူ့ကိုပိုက်ဆံပေးတဲ့သူတွေဆိုရင် တပ်နဲ့ညှိပေးတယ်၊ မပေးတဲ့သူဆိုရင် သတင်းလိုက်မေးပြီး ဖမ်းခိုင်းတယ် သူ့ကိုသူ မှုခင်းသတင်းထောက်ဆိုပြီး ပိုက်ဆံတောင်းစားနေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အပေါင်းအပါတွေနဲ့ သတင်းပေးဒလန်တွေ အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း အမြန်ဆုံးနုတ်ထွက်ကြဖို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။