ဗိုလ်ကြီးအဆင့် အမျိုးသမီးအရာရှိတစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဗိုလ်ကြီးအဆင့် အမျိုးသမီးအရာရှိတစ်ဦး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာပြီလို့ ပြည်သူ့စစ်သား များအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။

ပြည်သူ့ရင်ခွင်ကိုခိုလှုံလာသူမှာ ဗိုလ်ကြီးမေပိုးဖြစ်ပြီးအာဏာစသိမ်းတဲ့အချိန်ကစပြီး အကြမ်းဖက်စစ်တပ်ရဲ့ တရားမျှတမှုမရှိတဲ့လုပ်ရပ်​တွေနဲ့ ပြည်သူ​တွေကိုအ​ကြောင်းမဲ့သတ်ဖြတ်​နေတဲ့အပေါ်ဘယ်လိုမှလက်ခံလို့မရတဲ့အတွက် ​တော်လှန်​ရေးမှာပူး​ပေါင်းပါဝင်ဖို့ ပြည်သူ့ဘက်မျက်နှာမူလာတာဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ဟာပြည်သူ​​တွေကိုတင်မက၊တပ်မ​တော်သားအချင်းချင်းလည်း ဖိနှပ်မှုမျိုးစုံရှိတဲ့အတွက်​ကြောင့်တပ်တွင်းမှာလည်း စစ်​အုပ်စုကိုစွန့်ခွာချင်သူ​တွေများပြားလာပြီလို့ လည်းဗိုလ်ကြီးမေပိုးကပြောပါတယ်။

‘ကျွန်မကိုယ်တိုင်လည်း ​နောင်လာမယ့်​နေ့ရက်​တွေမှာသိက္ခာရှိစွာ​နေထိုင်သွားချင်လို့ ပြည်သူဘက်မျက်နှာမူခဲ့တာပါ။ကျွန်မတို့ရဲ့​နောင်လာမယ့်အနာဂတ်​တွေမှာလည်း စစ်သားဆိုတာနဲ့ပြည်သူ​တွေကမုန်းတီး​နေတာမျိုးမဖြစ်ရ​အောင်ဒီလိုပြသနာ​တွေကိုဖန်တီးတဲ့ အာဏာရှင်​တွေအမြစ်ပြတ်​အောင်လို့ တပ်မ​တော်သားအားလုံးပူး​ပေါင်းပါဝင်​ဖို့လိုအပ်ပါတယ်။’လို့ ဗိုလ်ကြီးမေပိုးကဆိုပါတယ်။