စစ်အုပ်စုထုတ်ကုန် ရောင်းဝယ်နေတဲ့ ဆိုင်တွေကို စစ်ကိုင်းတိုင်း PDFအရေးယူမယ်

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုရဲ့ ထုတ်ကုန်တွေကို စစ်ကိုင်းတိုင်းအတွင်း ရောင်းဝယ်တာတွေ မလုပ်ကြဖို့ စစ်ကိုင်းတိုင်း PDFက သတိပေးလိုက်ပြီး မလိုက်နာရင် အရေးယူအပစ်ပေးသွားမယ်လို့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဆိုင်တွေမှာ စစ်အုပ်စုထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ၊ Adman Gold ဘီယာ၊ ဒဂုံဘီယာ၊ Rubyဆေးလိပ်ကို မရောင်းချဖို့နဲ့ Denko ဆီဆိုင်၊ BOC ဆီဆိုင်တွေ စစ်ကိုင်းတိုင်းအတွင်းက အမြန်ဆုံးထွက်သွားကြဖို့ သတိပေးထားပါတယ်။

စစ်အုပ်စုဟာ လူထုပိုက်ဆံနဲ့ လူထုကို ပြန်လည်သတ်ဖြတ် ဒုက္ခပေးနေတာဖြစ်တာကြောင့် မဝယ်ယူကြဖို့နဲ့ နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး စစ်အုပ်စုရဲ့ ထုတ်ကုန်တွေကို ရောင်းဝယ်နေတာ ရပ်တန့်ဖို့ သတိပေးလိုက်ပါတယ်။

သတိပေးချက်ကို မလိုက်နာတဲ့ ဆိုင်တွေကို စစ်ဆေးပြီး ဆိုင်ပိတ်သိမ်းတာကအစ ကြီးလေးတဲ့ ပြစ်ဒဏ်ဆောင်ရမယ်လို့ စစ်ကိုင်းတိုင်း PDFကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စစ်တပ်ပိုင် မြန်မာ့စီးပွားကော်ပိုရေးရှင်းနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်တို့ကို အကြမ်းဖက်လုပ်ငန်းတွေအဖြစ် ကြေညာပြီးနောက်မှာ အခုလို သတိပေးတားမြစ်ချက် ထုတ်ပြန်လာတာပဲဖြစ်ပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်