၈၊ နိုင်ဝင်ဘာလ၊ ၂၀၂၁။
ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော် ကို အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ (က)နဲ့ ထောင်ဒဏ်နဲ့ ၁၀နှစ်ချမှတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ထံက သိရပါတယ်။
ကျောက်တံတားမြို့နယ်မှာ စက်တင်ဘာလ ၁၄ရက်နေ့က စစ်အုပ်စုက မသဉ္ဇာဇော်အပါအဝင် ကျောင်းသားကျောင်းသူ ၆ဦးကို ဖမ်းဆီးပြီးနောက် ဒီကနေ့ နိုဝင်ဘာလ ၈ရက်နေ့မှာ အင်းစိန်အထူးတရားရုံးကနေ မတရားအမိန့်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။
စက်တင်ဘာ ၁၄ရက်မှာ မတရားဖမ်းဆီးခြင်း ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေထဲကနေ ကိုစည်သူအောင်နဲ့ မသဉ္ဇာဇော်တို့ကို အမိန့်ချခဲ့ပြီးနောက် မဝတ်ရည်အောင်၊ ကိုရဲလင်းဦး ၊ ကိုမြင့်သိန်းနိုင် နဲ့ ကိုနေထက်လင်းတို့ မတရားဆက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး၊ ဖမ်းဆီးထားတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း မဟုတ်မမှန်မမှုဆင်ကာ တရားစွဲဆိုမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ဓာတ်ပုံ- DUSU