ကိုဗစ်ကန့်သတ်ချက်တွေကို ရုတ်သိမ်းပြီး နိုင်ငံတကာခရီးသွားလာခွင့်တွေကို အမေရိကန်ခွင့်ပြု

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးလိုက်ပြီး ခရီးသွားတွေကို နိုင်ငံအတွင်း သွားလာခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

မက္ကဆီကို၊ ကနေဒါနဲ့ ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံအများအပြားက ခရီးသွားတွေအတွက် ကိုဗစ်ကန့်သတ်ချက်တွေကို ဒီကနေ့ တနင်္လာနေ့မှာပဲ ရုတ်သိမ်းပြီး ခရီးသွားလာခွင့် ပြန်လည် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့က စတင်ပြီး လေဆိပ်တွေနဲ့ နယ်စပ်တွေကနေ ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့ ခရီးသွားတွေကို လက်ခံကာ နိုင်ငံတွင်း ဝင်ခွင့်ပေးနေပြီပဲဖြစ်ပါတယ်။

မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေက ဝင်ရောက်လာမယ့် နယ်စပ်ဖြတ်ကျော် ခရီးသွားတွေကတော့ ကာကွယ်ဆေးအပြည့်အဝထိုးပြီးကြောင်း ထောက်ခံစာတွေပြသဖို့ လိုအပ်သေးပေမယ့် စမ်းသပ်စစ်ဆေးမှုတွေကို ရုတ်သိမ်းခဲ့တာပါ။

လေကြောင်းကလာမယ့် ခရီးသွားတွေကတော့ ကိုဗစ်အပြည့်အဝထိုးနှံပြီးကြောင်း ထောက်ခံစာတွေလိုအပ်ပြီး တကယ်လို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့ရင်တော့ ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ သုံးသောင်းခွဲ ချမှတ်ခံရမှာဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ကိုဗစ်ကာလအတွင်း ကန့်သတ်ချက်တွေ ပြုလုပ်ခဲ့ပြီး နယ်စပ်တွေမှာ ခရီးသွားဝင်ရောက်မှု ရပ်တန့်ခဲ့လို့ နိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ အကျိုးသက်ရောက်မှုများစွာ ရှိခဲ့ပါတယ်။