အက်စတွန်ဗီလာအသင်းနည်းပြ ဖြစ်လာဖို့ စတီဗင်ဂျရတ် ရေပန်းစား

 

၈၊ နိုဝင်ဘာ၊ ၂၀၂၁။

နည်းပြဒင်းန်စမစ်ကို ရာထူးက ထုတ်ပယ်လိုက်ပြီးနောက် လစ်လပ်နေတဲ့ အက်စတွန်ဗီလာအသင်းရဲ့ နည်းပြနေရာအတွက် ရိမ်းဂျားအသင်းနည်းပြ စတီဗင်ဂျရတ်က ရေပန်းစားလာခဲ့ပါတယ်။ 

အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်ကတည်းက တာဝန်ယူခဲ့တဲ့ နည်းပြ ဒင်းန်စမစ်ကို ချက်ချင်းပဲ ထုတ်ပယ်ခဲ့တာပါ။

လက်ရှိကာလဟာ ပရီးမီးယားလိဂ် အသင်းတွေအတွက် အပြောင်းအလဲတစ်ခုလို ဖြစ်လာခဲ့သလို ထုတ်ပယ်ခံရတဲ့ နည်းပြအရေအတွက်ဟာ ၅ ဦးအထိ ရှိလာခဲ့တာဖြစ်ပြီး နောက်ထပ် ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြတွေဟာလည်း ဆက်လက် ရှိနေဆဲပါ။ 

အက်စတွန်ဗီလာအသင်းကတော့ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ရိန်းဂျားအသင်း ဆယ်နှစ်လောက် ဝေးကွာနေခဲ့ရတဲ့ စတော့တလန် အမှတ်ပေးဖလားကို ရယူပေးခဲ့တဲ့ လီဗာပူးလ်ဂန္ထဝင်ဟောင်းကို ကြိုးပမ်းလာခဲ့တာပဲဖြစ်ပါတယ်။ 

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရပ်တည်မှုအရ အက်စတွန်ဗီလာအသင်းဟာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ် ငါးပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး ရမှတ် ၁၀ မှတ်နဲ့ တန်းမဆင်းရဖို့ ရုန်းကန်နေရတာပါ။ 

ရိန်းဂျားနည်းပြ စတီဗင်ဂျရတ်ဘက်ကတော့ အင်္ဂလန်မြေကို အခြေချဖို့ လက်ရှိမှာ တုံ့ပြန်မှုတွေ မပြုလုပ်ထားပေမယ့် နည်းပြလစ်လပ်သွားတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေကတော့ စတီဗင်ဂျရတ်ကို အရခေါ်ယူဖို့ ကြိုးပမ်းနေကြတာပါ။