ဆီယားရားလီယွန်နိုင်ငံမှာ လောင်စာဆီတင်ယာဉ် ပေါက်ကွဲလို့ လူ ၉၀ ကျော်သေ

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

အာဖရိကတိုက် အနောက်ပိုင်းမှာ တည်ရှိတဲ့ ဆီယားရားလီယွန်နိုင်ငံမှာ လောင်စာဆီတင်ယာဉ် ကားတစ်စီးပေါက်ကွဲခဲ့လို့ လူပေါင်း ၉၀ ကျော် သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

လောင်စာဆီတင်ယာဉ်ကားဟာ အခြားကားတစ်စီးနဲ့ တိုက်ခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ နိုဝင်ဘာ ၅ ရက်၊ သောကြာနေ့က ဖြစ်ပွားခဲ့တာပါ။

သေဆုံးသူတွေထဲမှာ ဆီယိုစိမ့်နေတာတွေကို သွားရောက်ခပ်ယူသူတွေပါဝင်ခဲ့တယ်လို့ မြို့တော်ဝန် အေကီဆောရားက ဖေ့ဘုတ်ပေါ်ရေးတင်အသိပေးခဲ့ပေမယ့် တိကျတဲ့ သတင်းအချက်အလက်ကတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။

ဒီဖြစ်ရပ်ကို ကြောက်စရာအကောင်းဆုံး ဖြစ်ရပ်တစ်ခုအဖြစ် အွန်လိုင်းအသုံးပြုသူတွေဟာ ထိတ်လန့် တုန်လှုပ်ခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီရဲ့ အကြီးအကဲ ဘရီမာဘူရက်ဆီဆေးကတော့ “အသေအပျောက်များတယ်။ မီးလောင်ကျွမ်းတဲ့အလောင်းတွေအများကြီးပဲ”လို့ အသိပေးခဲ့ပါတယ်။