၇၊ နိုဝင်ဘာ၊ ၂၀၂၁။
နော့ဝှစ်ချ်အသင်းဟာ အသင်းနဲ့ ကာလရှည်လက်တွဲခဲ့တဲ့ နည်းပြ ဒန်နီရယ်ဖာကီကို တရားဝင် ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။
ဒီရာသီအသင်းရဲ့ ရလဒ်ပိုင်းဟာ ဆိုးရွားလွန်းနေတာကြောင့် နော့ဝှစ်ချ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ အသင်းအပြောင်းအလဲဖြစ်စေဖို့ အခုလို ဆုံးဖြတ်ခဲ့ကြတာပါဖြစ်ပါတယ်။
နော့ဝှစ်ချ်အသင်းဟာ ပရီးမီးယားလိဂ် ၁၁ ပွဲကစားပြီးချိန်မှာ မနေ့က ကစားခဲ့တဲ့ ဘရန်ဖို့ဒ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာမှ နိုင်ပွဲတစ်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၂၀ မှာ ရပ်တည်နေခဲ့လို့ နော့ဝှစ်ချ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ ပိုမိုကောင်းမွန်တဲ့ ရလဒ်ပိုင်းကို အလိုရှိနေခဲ့ပါတယ်။
နည်းပြ ဒန်နီရယ်ဖာကီဟာ နော့ဝှစ်ချ်အသင်းကို လေးနှစ်ခွဲကြာတာဝန်ခဲ့ပြီး အသင်းအတွက် အတိတ်ကာလမှာ အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် ပြုလုပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ အခုနှစ်ရာသီမှာတော့ အသင်းဟာ အတော်လေး အခြေအနေဆိုးရွားနေခဲ့ရတာပါ။
“ဒန်နီရယ်ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အသင်းကို ဘယ်လောက်ထိ အောင်မြင်အောင်လုပ်ပေးမလဲဆိုတဲ့ စိတ်ဆန္ဒတွေရှိတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အခုအချိန်ဟာ နော့ဝှစ်ချ်ရဲ့ ပရီးမီးယားလိဂ် အဆင့်အတန်းကို ဆက်ထိန်းဖို့ အပြောင်းအလဲတစ်ခု လုပ်မှကို သင့်တော်တော့မှာပါ”လို့ နော့ဝှစ်ချ်အားကစားဒါရိုက်တာ ဝက်ဘာက ပြောပါတယ်။
ဒါအပြင် ဒန်ရီရယ်နဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေအတွက် ကျေးဇူးအထူးတင်ရှိပြီး လက်ရှိမှာ နော့ဝှစ်ချ်အသင်းရဲ့ လက်ကျန်ပွဲတွေအတွက် အရေးအကြီးဆုံးအရာတွေကို ရှာဖွေသွားရတော့မှာဖြစ်တယ်လို့ နော့ဝှစ်ချ်အသင်းအားကစားဒါရိုက်တာ ဝက်ဘာက ဆက်ပြောခဲ့ပါတယ်။