ဟူစတန်မြို့မှာ ကျင်းပတဲ့ Astroworld ဂီတပွဲတော်မှာ လူပိပြီး အနည်းဆုံး ၈ ဦးသေဆုံး

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ်၊ ဟူစတန်မြို့မှာ ကျင်းပတဲ့ Astroworld ဂီတပွဲတော်မှာ လူပိပြီး အနည်းဆုံး ၈ ဦး သေဆုံးခဲ့ရတယ်လို့ ဟူစတန်မီးသတ်ဌာန အရာရှိ ဆမ်မြူရယ်ပီနာက အသိပေးခဲ့ပါတယ်။

ပွဲတော်ကို လာရောက်ကြတဲ့ လူအုပ်ကြီးဟာ များပြားလွန်းခဲ့တာကြောင့် အခုလို သေဆုံးတာတွေနဲ့ ဒဏ်ရာရရှိသူတွေ များပြားခဲ့တာပဲဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၅ ရက်၊ မနေ့က သောကြာနေ့ညပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ အနည်းဆုံး ၈ ဦးအပြင် ထိခိုက်ဒဏ်ရာ ရရှိသူ အယောက် ၃၀၀ ကျော်လောက် ရှိခဲ့တာပါ။

ဂီတဖျော်ဖြေပွဲညဟာ ပျော်ရွှင်စရာအခိုက်တန့်ကနေ အကျည်းတန်တဲ့ အဖြစ်ကို ပြောင်းလဲသွားခဲ့ရပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံအမြန်ဆုံး ပို့ဆောင်ခဲ့ကြရပါတယ်။

ဖြစ်ရပ်ဖြစ်ပွားချိန်မှာတော့ ဂီတဖျော်ဖြေပွဲကို ရပ်နားခဲ့ရပါတယ်။ လက်ရှိမှာ လူပိပြီး သေဆုံးခဲ့ရတဲ့ ဖျော်ဖြေပွဲရောက်လူတွေရဲ့ နာမည်နဲ့ လိပ်စာတွေကို မသိရှိရသေးပေမယ့် ဒီထဲမှာ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးပါဝင်နေတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

ပွဲတော်ကို လူပေါင်း ငါးသောင်းလောက် တက်ရောက်အားပေးခဲ့ပြီး အစည်ကားဆုံးဖြစ်ခဲ့ပေမယ့် ဖြစ်ရပ်ကြောင့် ပွဲတော်ရဲ့ ညဟာ အရုပ်ဆိုး အကျည်းတန်စေခဲ့ရတယ်လို့ အာဏာပိုင်တွေက ငြီးတွားပြောဆိုခဲ့ပါတယ်။