အခုနှစ်ရဲ့ ဘလွန်းဒီအော့ဖ်ဆု မက်ဆီရတယ်လို့ France Football အသိပေး

၁၁၊ နိုဝင်ဘာ၊ ၂၀၂၁။

၂၀၂၁ ခုနှစ်ရဲ့ ဘလွန်းဒီအော့ဖ်ဆုကို မက်ဆီရခဲ့တယ်ဆိုတဲ့ ပြောဆိုမှုဟာ အခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ 

France Football မဂ္ဂဇင်းကလည်း အခုနှစ်အတွက် ဘလွန်းဒီအော့ဖ် ဆုကို မက်ဆီရခဲ့တယ်ဆိုတဲ့ အသိပေးမှုတစ်ခုကြောင့် မက်ဆီနဲ့ ပတ်သက်တဲ့ ဆုရရှိမှုသတင်းဟာ သတင်းမီဒီယာတွေအထက် ထွက်ပေါ်လာခဲ့ပါတယ်။ 

France Football မဂ္ဂဇင်းဟာ ဘလွန်းဒီအော့ဖ်ဆုအတွက် နှစ်စဉ် ဦးဆောင်ပြီး ကျင်းပပေးနေတဲ့ မဂ္ဂဇင်းတစ်ခုဖြစ်ပါတယ်။ 

သတင်းတွေရဲ့ ဖော်ပြချက်မှာတော့ မက်ဆီဟာ ဒီနှစ်အတွက် နာမည်ထွက်နေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ကျော်ဖြတ်ပြီး ဘလွန်းဒီအော့ဖ် ဆုကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ပေါ်တူဂီ ရုပ်သံသတင်းဌာန RTP ရဲ့ ဖော်ပြချက်အရ အခုနှစ်ရဲ့ ဘလွန်းဒီအော့ဖ်ဆုကို လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

မက်ဆီဟာ ဒီနှစ်ရဲ့ ဘလွန်းဒီအော့ဖ်ဆိုကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် သူ့အတွက် ဒီဆုဟာ ၇ ကြိမ်မြောက် ဖြစ်လာမှာဖြစ်ပြီး မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုထက် ၂ ကြိမ်အသာ ရရှိသွားမှာပဲဖြစ်ပါတယ်။