
၃၊ နိုဝင်ဘာ၊ ၂၀၂၁။
နယူးကာဆယ်အသင်း ချိတ်ဆက်နေတဲ့ နည်းပြအူနိုင်းအမ်မရီဟာ ပရီးမီးယားလိဂ် ကလပ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်မှာဖြစ်တယ်လို့ စပိန်ဂျာနယ်လစ် ဂိုင်လန်ဘယ်လာဂိတ်က အသိပေးလိုက်ပါတယ်။
နည်းပြ စတိဗ်ဘရုစ်မရှိတော့တဲ့နောက် နယူးကာဆယ်အသင်းဟာ နာမည်ကြီးနည်းပြတွေကို ချိတ်ဆက်နေခဲ့ပေမယ့် အသင်းရဲ့ လက်ရှိ အနေအထားကြောင့် နာမည်ကြီးနည်းပြတွေဟာ စိတ်ဝင်စားမှု နည်းပါးနေခဲ့တာပါ။
နယူးကာဆယ်ဟာ ပိုင်ရှင်သစ်လက်ထက်မှာ ငွေကြေးအများအပြား အသုံးပြုပြီး အသင်းကို ပြန်လည် ပြင်ဆင်ဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်ထိ အချည်းနှီးဖြစ်နေခဲ့ရပါတယ်။
အသင်းက တန်းဆင်းဇုန်ထဲရောက်ရှိနေလို့ ဒီအခြေအနေထက် သာလွန်တဲ့ အနေအထားတစ်ခုကို နယူးကာဆယ်ဘက်က အလိုရှိနေပြီး ဒီတပတ်အတွင်းမှာပဲ နည်းပြသစ်တစ်ဦး ရရှိဖို့ အလိုရှိနေခဲ့တာပါ။
ဒါကြောင့် စပိန်ကလပ် ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် နည်းပြဘက်ကတော့ ငြင်းဆန်ဖို့ ရှိနေတာပဲဖြစ်ပါတယ်။
ဗီလာရီးရဲလ် ဥက္ကဋ္ဌ ဖာနန်ဒိုရွိုက်ကတော့ နယူးကာဆယ်အသင်းရဲ့ အခုလို ကမ်းလှမ်းမှုတွေကို သိရှိထားပေမယ့် သူတို့နည်းပြဟာ အသင်းနဲ့ စာချုပ်သဘောတူညီမှုတွေ ကျန်ရှိနေလို့ စိုးရမ်စရာမရှိဘူးလို့ အသိပေးထားပါတယ်။