
၃၊ နိုဝင်ဘာ၊ ၂၀၂၁။
အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သရေကျပြီးနောက် မန်ယူကွင်းလယ်လူဟောင်းပေါလ်စခိုးက လာမယ့် မန်ချက်စတာ ဒါဘီပွဲအတွက် မန်ယူရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်နေခဲ့ပါတယ်။
ဒီကနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ အတ္တလန္တာ ၂-၂ မန်ယူ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ မန်ယူအသင်းအနေနဲ့ စီရော်နယ်ဒိုရဲ့ နောက်ကျ ချေပဂိုးကြောင့်သာ သရေတစ်မှတ်ရခဲ့ပြီး အုပ်စု (F) မှာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ရတာပါ။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်အသင်းနဲ့ ပွဲမှာလည်း ပထမပိုင်းမှာတင်ပဲ မန်ယူအသင်းဟာ လီဗာပူးလ်အသင်းကို လေးဂိုးပြတ်နဲ့ ရှုံးလိမ့်မယ်ဆိုတဲ့ ခန့်မှန်းသုံးသပ်ချက် မှန်ကန်ခဲ့ပြီးနောက် လာမယ့် မန်စီးတီးအသင်းနဲ့ အိမ်ကွင်းပွဲစဉ်အတွက်ပါ ကွင်းလယ်လူဟောင်းက စိုးရိမ်နေခဲ့တာပဲဖြစ်ပါတယ်။
“အတ္တလန္တာအသင်းနဲ့ ပွဲစဉ်က ဒုတိယပိုင်း ခြေစွမ်းမျိုးအပြင်၊ ဗာရန်းလည်း မပါဘူးဆိုရင်တော့ စနေနေ့မှာ ကစားမယ့် ဒါဘီပွဲက စိုးရိမ်းစရာပါ”လို့ ပေါလ်စခိုးက ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။
ဒါအပြင် ပေါလ်စခိုးက မန်ယူကွင်းလယ်လူ ပေါ့ပ်ဘာကိုလည်း ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်လူဟာ အသက် ၂၈ နှစ်သာ ရှိသေးပြီး အတွေ့အကြုံကောင်းတွေ များစွာရှိနေပေမယ့် အသက် ၃၅ နှစ်လို ဖြစ်နေတယ်လို့လည်း ပေါလ်စခိုးက ပြောခဲ့တာပါ။
လာမယ့် နိုဝင်ဘာလ ၆ ရက်၊ စနေနေ့မှာတော့ ပရီးမီးယားလိဂ် အစောဆုံး ပွဲစဉ်အဖြစ် နည်းပြဆိုးလ်းရှားရဲ့ မန်ယူအသင်းဟာ အိမ်ကွင်းမှာ မန်စီးတီးအသင်းကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။