အတ္တလန္တာနဲ့ပွဲဟာ ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်တယ်လို့ မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်ပြော

 

၂၊ နိုဝင်ဘာ၊ ၂၀၂၁။

မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်က နိုဝင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် နှစ်နာရီခွဲအချိန်မှာ ကစားရမယ့် အတ္တလန္တာအသင်းနဲ့ အုပ်စုဒုတိယမြောက်ပွဲဟာ ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ချန်ပီယံလိဂ် အုပ်စု ပထမအကျော့ပွဲစဉ်မှာလည်း မန်ယူအသင်းဟာ အတ္တလန္တာအသင်းကို ဦးဆောင်ဂိုးနှစ်ဂိုး ပေးခဲ့ရပြီးမှာ နောက်ကျသွင်းဂိုးတွေအပြင် စီရော်နယ်ဒိုရဲ့ အဆုံးသတ်သေချာမှုတွေကြောင့် ၃-၂ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ 

ဒါကြောင့်လည်း မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အတ္တလန္တာအသင်းကို လေးစားမှု အပြည့်နဲ့ ရင်ဆိုင်သွားမှာဖြစ်ပြီး ခက်ခဲလာနိုင်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့် ပွဲကို အဓိက အာရုံစိုက်ထားတယ်လို့ အသိပေးခဲ့တာပါ။ 

“သူတို့ဟာ မာကျောတဲ့အသင်းတစ်သင်းပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အတ္တလန္တာ အသင်းဟာ အခုလို အဆင့်မျိုးရောက်လာလိမ့်မယ်လို့ ဘယ်သူမှမထင်ခဲ့ဘူး”လို့ ဖာရူနိုဖာနန်ဒက်စ်က ပြောခဲ့တာပါ။

ဒါ့အပြင် နိုင်ပွဲအတွက်တော့ အာရုံအပြည့်စိုက်ထားပြီး အိမ်ရှင် အတ္တလန္တာအသင်းကို လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

လက်ရှိ မန်ယူအသင်းနဲ့ အတ္တလန္တာအသင်းတို့ ပါဝင်နေတဲ့ ချန်ပီယံလိဂ် အုပ်စု (F) မှာ မန်ယူအသင်းက ၂ မှတ်အသာနဲ့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ 

ဒါပေမဲ့ အမှတ်ကွာဟမှုကတော့ အရမ်းကို ကျဉ်းမြောင်းနေပြီး အသင်းတိုင်းအတွက် အမှတ်လိုအပ်ချက် ရှိနေခဲ့တာဖြစ်ပါတယ်။