အကြမ်းဖက်စစ်အုပ်စုက ပြည်သူတစ်ဦးကို ပစ်သတ်ကာ ရွှေထည်ပစ္စည်းတွေ လုယက်

       ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ် ထီးမဲ့ဘောကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ ၄၀၄ တပ်ရင်းက ဝါးကဖောင်ကျေးရွာက အမျိုးသမီးတစ်ဦးကို ပစ်သတ်ကာ ရွှေထည်ပစ္စည်းတွေ လုယူသွားတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လိုက်ပါတယ်။

         ဒီကနေ့ နိုဝင်ဘာလ ၁ရက်နေ့မှာ စစ်အုပ်စုက ဗိုလ်ကြီး ဝေယံထွန်းဦးဆောင်တဲ့ ခမရ ၄၀၄ဟာ ဝါးကဖောင်ကျေးရွာကို ဝင်ရောက်ရှာဖွေပြီး ပြန်အထွက်မှာ ဒေသခံတစ်ဦးဖြစ်သူ မနိုင်နိုင်ကို ပစ်ခတ်သတ်ဖြတ်ကာ မနိုင်နိုင်ရဲ့ ငွေသိန်း ၂၀ကျပ်၊ ရွှေဆွဲကြိုး ၁ကုံး၊ ရွှေလက်ကောက် ၂ကွင်းနဲ့ ရွှေလက်စွပ် ၂ကွင်းတို့ကို လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

         အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းရင်းသားနယ်မြေတွေမှာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးလုယက်တာ၊ အကြောင်းမဲ့သတ်ဖြတ်တာ၊ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် လုပ်ဆောင်တာတွေကို ဆက်တိုက်ကျူးလွန်နေလျှက်ရှိပါတယ်။

ဓာတ်ပုံ- အင်တာနက်