ကြည့်မြင်တိုင် အမျိုးသမီးအုပ်ကြီး သေနတ်နဲ့ပစ်ခံပြီး သေ

 

ဧည့်စာရင်းစစ်ရာမှာ ရှေ့ဆုံးကပါဝင်တဲ့ ရန်ကုန်၊ကြည့်မြင်တိုင်က အမျိုးသမီးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ် နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အပစ်ခံရသူဟာ ကြည့်မြင်တိုင်၊မျန်ကျည်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး အမျိုးသားတစ်ဦးက သေနတ်နဲ့ ၃ချက်ပစ်သွားတယ်လို့ ကြည့်မြင်တိုင် ၊ကမ်းနားဈေးနားမှာနေသူတစ်ဦးကပြောပါတယ်။

‘ချက်ကောင်းတွေထိပြီး ပွဲချင်းပြီးသေတာပါ။မဲဒီအမျိုးသမီးက နာမည်ကြီးနေတာကြာပါပြီ။ဧည့်စာရင်း စစ်ရင်လည်း သူကရှေ့ဆုံးကနေ တက်တက်ကြွကြွကို ပါတာ။သူကြောင့်အဖမ်းခံရတာတွေလည်း အနီး အနားမှာရှိတယ်ဆိုပြီးပြောကြတယ်။’လို့သူကပြောပါတယ်။

မနက်၁၁နာရီကျော်မှာ ပစ်ခတ်မှုဖြစ်ပြီး မကြာမီ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ရောက်လာကာ အနီး ဝန်းကျင်ကို စစ်ဆေးတယ်လို့သိရပါတယ်။

‘တစ်ခုခုဖြစ်ပြီဆို ပတ်ဝန်းကျင်ကို ခြောက်တော့တာပဲ။ပစ်တဲ့သူက ပစ်ပြီးတော့ ဒီနားမှာ သဝေထိုးနေမ လား။’လို့ သူကဆက်ပြောပါတယ်။