ပဲခူးတိုင်း၊ကဝမြို့နယ်ထဲက ဂက်စ်ထုတ်လုပ်ရေးစက်ရုံနဲ့ ကဝမြို့ရှောင်လမ်းအနီးက စစ်အုပ်စုဂိတ်ကို ဒေသခံ ပြောက်ကျားတပ်ဖွဲ့တွေ ဗုံးဖောက်ခွဲခဲ့တယ်လို့သိရပါတယ်။
ပဲခူး BDF နဲ့ ကဝ PDF တို့ပူးပေါင်းပြီးဒီနေ့မနက် ၄နာရီမိနစ်၂၀မှာ ကဝမြို့နယ်၊အုန်းနှဲရွာအဝင်ရှိ ဂက်စ်စက်ရုံကို ဖောက်ခွဲခဲ့ပြီး ကဝမြို့ရှောင်လမ်းအနီးက စစ်အုပ်စုဂိတ်ကို မနက်၆နာရီမှာ ဖောက်ခွဲခဲ့တယ် လို့ အဲဒီနှစ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။
လူအသေအပျောက်နဲ့ ပျက်စီးထိခိုက်မှုစာရင်းကိုမူ ထုတ်ပြန်ထားခြင်းမရှိပါဘူး။
‘ကျွန်တော်တို့ ဆေးရုံဘက်ကနေကြားရတဲ့သတင်းကတော့ ဂိတ်ကနှစ်ကောင်ထိတယ်လို့သိရတယ်။သေ၊ မ သေတော့မသိရသေးဘူး’လို့ပဲခူးပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။