၁၊ နိုဝင်ဘာ၊ ၂၀၂၁။
ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ DailyMail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဗန်ဒီဘိခ်ဟာ မန်ယူအသင်းမှာ ပွဲထွက်ခွင့်တွေပျောက်ဆုံးနေပြီး နည်းပြဆိုးလ်ရှားရဲ့ ထောက်ခံမှု မရရှိဘဲဖြစ်နေခဲ့တာပါ။
ကစားသမားဟာ ပွဲထွက်ခွင့်ကို လိုလားနေတာကြောင့် မန်ယူက ထွက်ခွာပြီး ပွဲထွက်ခွင့်ရမယ့် အသင်းကို ပြောင်းရွှေ့လိုနေပါတယ်။
ဗန်ဒီဘိခ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ စပိန်ကလပ် ဘာစီလိုနာအသင်းလည်း ပါဝင်နေပြီး စပိန်ကလပ်ဟာ သူတို့ရဲ့ ကွင်းလယ်ကို ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ကစားသမားကို အလိုရှိနေခဲ့တာပါ။
ဒါပေမဲ့ DailyMail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဒီနယ်သာလန်သားကို ခေါ်ယူချင်နေပေမယ့် အပြီးသတ်ဝယ်ယူဖို့တော့ မဖြစ်နိုင်ဘူးလို ရေးသားဖော်ပြပါတယ်။
ဘာစီလိုနာအသင်းရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေး အခြေအနေဟာ ဒီကစားသမားကို အပြီးသတ်ခေါ်ယူဖို့ မဖြစ်နိုင်တာကြောင့် အငှားနဲ့ ခေါ်ယူဖို့တော့ ဖြစ်နိုင်ချေရှိနေပါတယ်။
ဗန်ဒီဘိခ်ဟာ ၂၀၂၀ ခုနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းကို ရောက်လာခဲ့ပေမယ့် ဆိုးလ်ရှားလက်ထက် ၄ ပွဲသာ ကစားခွင့်ရသေးပါတယ်။
တကယ်လို့ ဒီအပြောင်းအရွှေ့ဖြစ်လာခဲ့မယ်ဆိုရင် ဗန်ဒီဘိခ်နဲ့ အသင်းဖော်ဟောင်း ဒီဂျောင်တို့ ပြန်လည် ဆုံတွေ့ခွင့်ရမှာဖြစ်ပြီး အေဂျက်ဇ်မှာ ထွန်းတောက်ခဲ့တဲ့ သူတို့အတွဲကို ဘာစီလိုနာအသင်းက အလိုရှိနေခဲ့တာပါ။
လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဘက်မှာလည်း အဲဗာတန်နဲ့ ဝုဗ်တို့က ဗန်ဒီဘိခ်ကို ကမ်းလှမ်းမှုတွေလည်း ရှိနေပါတယ်။