တာချီလိတ်မြို့ ရေကြီးနေ

တာချီလိတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မယ်ဆိုင်ချောင်းရေတက်လာပြီး အနိမ့်ပိုင်း ရပ်ကွက်တွေကို ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

         မနေ့ ညပိုင်းကစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဒီကနေ့ နိုဝင်ဘာလ ၁ရက်နေ့ မနက်ပိုင်းက စတင်ကာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတာကြောင့် ရေဘေးလွတ်ရာကို ရွေ့ပြောင်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။

         တာလော့ရပ်ကွက်၊ ဆန်ဆိုင်း (က/ခ) ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်နဲ့ မကာဟိုခမ်းရပ်ကွက်တွေမှာ ရေဝင်ပိုမိုဝင်ရောက်နေပြီး အချို့အနိမ့်ပိုင်း နေရာတွေမှာ တစ်ပေကနေ ၄ပေကျော်အထိ ရေဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။