ရေကြည်မှာ ကျောင်းတက်သူ ၁ရာခိုင်နှုန်းခန့်သာရှိ

အကြမ်းဖက်စစ်အုပ်စုက စာသင်ကျောင်းတွေကို ဖိအားပေး ပြန်လည်ဖွင့်လှစ်စေပေမဲ့ ရေကြည်မြို့မှာ လာရောက်ကျောင်းတက်သူ ၁ရာခိုင်နှုန်းခန့်သာ ရှိတယ်လို့ ရေကြည်မြို့နယ်အတွင်း သတင်းတွေကို ဖော်ပြနေတဲ့ ရေကြည်မီဒီယာမှာ ရေးသားထားပါတယ်။

         တကယ်တော့ စစ်ကောင်စီ က တိုင်းပြည်မှာပြဿနာပေါင်းစုံ တက်နေတာတောင် တည်ငြိမ်နေသယောင် လုပ်တာပဲ၊ခု လာတတ်တဲ့ကလေးတွေရဲ့ မိဘတွေက မသိလို့ပဲဖြစ်မယ်၊ အခန်းထဲလည်း လူနည်းနည်းလေးနဲ့ ကလေးတွေလည်း ကြောက်နေလောက်ပြီ၊ အဆင်မပြေဘူး နောက်နေ့တွေလူရှိမှာမဟုတ်တော့ဘူး၊တကယ်တော့ ခု ချိန်ကျောင်းဖွင့်တာ အဓိပ္ပါယ် မရှိတဲ့လုပ်ရပ်ပဲလို့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

         Delta News Agencyက ရေကြည်မြို့နယ်မှ CDMကျောင်းဆရာတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာလည်း ဒီကနေ့မှာ ကျောင်းတက်ဖို့ လာရောက်သူတွေ နည်းပါးနေပြီး ကျောင်းအပ်ထားပြီး ကျောင်းလာရောက်ခြင်းမရှိတဲ့ ကျောင်းသား၊ကျောင်းသူစာရင်းကို ကောက်ယူမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

         ဧရာဝတီတိုင်းအတွင်းက စာသင်ကျောင်းတွေကို ဒီကနေ့မှာ မြို့နယ်တိုင်း အကုန်ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပုသိမ်မြို့ကစာသင်ကျောင်းတွေမှာတော့ အကြမ်းဖက်စစ်အုပ်စုက ကျောင်းဝန်းတွေရဲ့အပြင်မှာ လက်နက်အပြည့်နဲ့ စောင့်ကြပ်နေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။