၁၊ နိုဝင်ဘာ၊ ၂၀၂၁။
အသင်းရလဒ်တွေ ဆိုးရွားလာပြီးနောက်မှာ တော့တင်ဟမ်ဟော့စပါးအသင်းဟာ လက်ရှိနည်းပြ နူနိုဆန်းတို့စ်ကို ထုတ်ပယ်ဖို့ စဉ်းစားလာခဲ့ပါပြီ။
အခုနှစ်ဘောလုံးရာသီအစကမှ တော့တင်ဟမ်းဟော့စပါးအသင်းကို ကိုင်တွယ်ခွင့် ရခဲ့တဲ့ ဝုဗ်နည်းပြဟောင်း နူနိုဆန်းတို့စ်ဟာ အသင်းတစ်သင်းကို ပုံဖော်ဖို့ အချိန်လုံလုံလောက်လောက် မရရှိခဲ့ပေမယ့် အခုလို ထုတ်ပယ်ခံရဖို့ ရေပန်းစားလာခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိမှာ နူနိုဆန်းတို့ရဲ့ အသင်းအနေနဲ့ ပွဲစဉ် ၁၀ ပွဲကစားပြီး အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။ စပါးဟာ အခုနှစ်ရာသီအစ တာထွက်ကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းငယ်တွေနဲ့ တွေ့ရင် အမှတ်ရအောင် ကစားနိုင်ခဲ့ပေမယ့် သူတင်ကိုယ်တင် ကစားနိုင်တဲ့အသင်းနဲ့ တွေ့ရင်တော့ နိုင်ပွဲတွေ ပျောက်ဆုံးခဲ့ရပါတယ်။
စပါးဘုတ်ဖွဲ့တွေဟာ အသင်းရဲ့ လက်ရှိအခြေအနေအတွက် အရေးပေါ် အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ရှိနေပါတယ်။
နာမည်ကြီး သတင်းဌာနတွေကတော့ ဒီအခြေအနေဟာ နူနိုဆန်းတို့စ်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာဖြစ်ပြီး နည်းပြအပြောင်းအလဲ ဖြစ်သွားနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ ရေးသားဖော်ပြလာခဲ့တာပါ။
လက်ရှိမှာ စပါးနည်းပြနေရာအတွက် ရေပန်းပြန်စားလာခဲ့တာကတော့ အင်တာမီလန်နည်းပြဟောင်း ကွန်တီပဲဖြစ်ပါတယ်။ စပါးဟာ နူနိုဆန်းတို့စ်ကို မရခင်အချိန်မှာ ကွန်တီကို ကမ်းလှမ်းခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ အီတလီနည်းပြက စပါးအသင်းကို နည်းပြပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။