ပြည်ခရိုင်အတွင်းရှိ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့နဲ့ အကြမ်းဖက် စစ်အုပ်စု အတွက် အလုပ်လုပ်ပေးနေတာတွေကို ရပ်ကြဖို့ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်သတိပေးလိုက်တယ်လို့ နွေဦးဒံပေါက်(ပြည်)ကထုတ်ပြန်လိုက်ပါ တယ်။
နွေဦးဒံပေါက်(ပြည်) လှုပ်ရှားနေတဲ့နယ်မြေအတွင်း ဒလန်လုပ်တာ၊ စစ်ကောင်စီထောက်တိုင်အဖြစ်ရုံးတက်တာနဲ့ ဧည့်စာရင်းများလိုက်လံစစ်ဆေးတာတွေကို မြင်နေရပြီး ဒလန်စာရင်းနဲ့အုပ်ချုပ်ရေးမှူးစာရင်းတွေကို လိပ်စာအတိအကျ ၊စာရင်းအတိကျရရှိထားပြီးပြီလို့ နွေဦးဒံပေါက်(ပြည်)ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
‘ကျွန်တော်တို့ ပြတ်ပြတ်သားသား သတိပေးလိုက်တာပါ။ဒီလိုသတိပေးရက်နဲ့ ထပ်လုပ်မယ်ဆိုရင် သူတို့ ကံကြမ္မာသူတို့ဖန်တီးတာလို့ သတ်မှတ်ပါတယ်။’လို့ နွေဦးဒံပေါက်ပြောက်ကျားတပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
တားမြစ်တာတွေကို ဆက်လက်ကျူးလွန်နေပါက နွေဦးဒံပေါက်အနေနဲ့ အိမ်တိုင်ရာရောက် လက်စွမ်းပြ ပါဆယ်ပို့သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြည်တက္ကသိုလ်နားမှာနေထိုင်တဲ့တက်ကြွလှုပ်ရှားသူတစ်ဦးက ‘နွေဦးဒံပေါက်ကိုတော့ ကျွန်တော်လည်း အခုမှကြားဖူးတယ်။ပြည်ပြောက်ကျားတေွနဲ့ သူတို့နဲ့ တူတူပဲလို့ထင်ပါတယ်။ပြည်ပြောက်ကျားတွေက တော့ တစ်ပွဲပြီးတစ်ပွဲ နွှဲနေလို့ ပြည်မြို့သားတွေရဲ့ ထောက်ခံမှုရနေပြီ’လို့ သူကပြောပါတယ်။