ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ ၁၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ည ၇နာရီခွဲလောက်က ၁၉ရပ်ကွက်၊ဇေယျာမြိုင်လမ်းနဲ့တနင်္သာရီလမ်း ထောင့် ရှိ အုပ်ချုပ်ရေးမှူးရုံးအနီး သဲအိတ်ဘန်ကာမှာ ဗုံးပေါက်ကွဲခဲ့တာလို့ ၁၉ရပ်ကွက်သားတစ်ဦးက ပြောပါ တယ်။
အဲဒီဖောက်ခွဲမှုကို Anti-Coup People’s Liberation Force (ACPLF )က ဖောက်ခွဲခြင်း ဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံး အနီး စခန်း ချ ကင်းစောင့်နေတဲ့ စစ်အုပ်စုတပ်တွေကို တိုက်ခိုက် တာလို့ ထုတ်ပြန်ထားပါတယ်။
‘အဲဒီဘန်ကာတွေက သဲအိတ်တွေပါ။အဲဒီရုံးရဲ့ ဟိုဘက်ဒီဘက်မှာ ဘန်ကာလုပ်ထားတယ်။စစ်ခွေးတွေက အဲ မှာကင်းစောင့်ကြတာ၊ဗုံးပေါက်တာ အဲဒီနေရာပါပဲ။ဒါပေမဲ့ သူတို့ထိခိုက်တာရှိ၊မရှိ ကျွန်တော်လည်းသွားမကြည့်ရဲတော့ မသိဘူး’လို့ သူကပြော ပါတယ်။
ACPLF ကလည်း လူသေဆုံးဒဏ်ရာရရှိ၊မရှိ မသိသေးဘူးလို့ထုတ်ပြန်ထားပါတယ်။