ထန်တလန်ကိုမီးရှို့ရမ်းကားခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၃ဦးသေသွားတယ်လို့ CDF-MINDAT ကထုတ်ပြန်ပါတယ်။
အောက်တိုဘာ၃၁ရက်နေ့က ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ် စိချဲ့လမ်းဆုံးအနီး နာရီဝက်ကြာတိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်၈ဦးလောက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ပွဲမှာ CDF-MINDAT က ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့လည်း ထုတ်ပြန်ထား ပါတယ်။
ချင်းပြည်နယ်၊ထန်တလန်ပြည်သူတွေ စစ်ဘေးရှောင်နေတဲ့ အောက်တိုဘာ၂၉ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက လူနေအိမ်တွေကို ဖောက်ထွင်းလုယက်မီးရှို့ခဲ့ခြင်းအပေါ် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ CDF-MINDATအနေနဲ့ ထန်တလန်ပြည်သူတွေနဲ့ထပ်တူ ဝမ်း နည်းတဲ့အကြောင်းလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။