နိုင်ငံတကာရေးရာ

အိန္ဒိယမှာ ကိုယ်ပိုင်ဂျက်လေယာဉ်တည်ဆောက်နိုင်ဖို့ ဗြိတိန်ကူညီမယ်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ အခုသီတင်းပတ်အတွင်း အိန္ဒိယခရီးစဉ်မှာ  ဗြိတိန်အနေနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တည်ဆောက်ရေး အကူအညီပေးဖို့  အိန္ဒိယကို ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။  ဘောရစ်ဂျွန်ဆင်ဟာ ဝန်ကြီးချုပ်ရာထူးစတင်ထမ်းဆောင်ကတည်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဧပြီလ ၂၁ရက်နေ့က ပထမဆုံးရောက်ရှိလာတာပါ။ ဒီခရီးစဉ်မှာ  အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့တွေ့ဆုံသွားမှာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်မှာ အိုင်အက်စ်တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၇ဦးထက်မနည်းသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံက မြို့နှစ်မြို့မှာ ဧပြီလ ၂၁ရက်နေ့က ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၁၇ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်လို့ အိုင်အက်စ်စစ်သွေးကြွအဖွဲ့က  ကြေညာခဲ့ပါတယ်။ အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် မြို့တော် Mazar-e-Sharif က ရှီယာဗလီဝတ်ကျောင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တစ်နှစ်ကျော်ကာလ လွတ်ငြိမ်းခွင့်ရ ငါးသောင်းခွဲကျော်မှာ နိုင်ငံရေးအကျဉ်းသား၈ရာခိုင်နှုန်းသာပါ

တစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇,၀၀၀ ကျော်မှာ  နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းလောက်သာပါဝင်တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက် အတွင်း နိုင်ငံတစ်ဝန်းလုံးက အကျဉ်းထောင်တွေထဲမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးချိုင့်မြို့နယ် တုံလုံကျေးရွာအနီး စစ်အုပ်စုစစ်ကြောင်း မိုင်းထိပြီး ၆ဦးသေ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် တုံလုံကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို Eagles Army-HPDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၆ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၂၁ရက်နေ့မှာ တုံလုံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မိုးပြာဆိုဒ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းထဲကျသွားတဲ့ စစ်ကားပေါ်က ဗိုလ်မှူးအပါအဝင်၅ဦးသေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း စစ်ကားချောင်းထဲ ထိုးကျခဲ့တဲ့ဖြစ်စဉ်မှာ ဗိုလ်မှူးတစ်ဦးအပါအဝင်စစ်သား၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၅ နာရီလောက်က ခရမ်းမြို့နယ်၊ကမာကလူကျောက်တံတားအရောက်စစ်ကားချောင်းထဲထိုးကျခဲ့ခြင်းဖြစ်ပြီး ကားခေါင်းခန်းကယာဉ်မောင်းစစ်သားနဲ့ ဗိုလ်မှူး၊ကားနောက်ခန်းမှာလိုက်ပါလာသူတွေထဲက စစ်သား၃ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရစစ်သား၃ဦးရှိတယ်လို့ တပ်တွင်းသတင်းပေးပို့ချက်အရသိရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ဗိုလ်မှူးအပါအဝင်၃ဦးမှာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ဦးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင် ရှုစရာမရှိ”စာတန်း ကိုင်ဆောင် ချီတက် ဆန္ဒပြ

ဒီနေ့ဧပြီလ ၂၁ ရက်နေ့မှာ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၈နှစ်ပြည့်အဖြစ် “တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင် ရှုစရာမရှိ“စာတန်းကိုင်ဆောင် ချီတက် ဆန္ဒပြခဲ့ကြတာပါ။ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မကြာခဏ မိုင်းထိနေတာကြောင့် စစ်သားတွေ စခန်းပြင်ပ အထွက် နည်းလာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ဟာ စောင့်ဆိုင်းမိုင်းဆွဲနေတဲ့ PDF တွေကြောင့် စခန်းပြင်ပ ကင်းလှည့်တာ သိသိသာသာ နည်းသွားတယ်လို့ သိရပါတယ်။ ပုလဲမြို့နယ်အတွင်းရှိ အင်မထီးရွာ၊ ဇီးဖြူကုန်းရွာနဲ့ ကန့်ဒေါင့်ရွာတို့မှာ အကြမ်းဖက်စစ်တပ် အထိုင်ချစခန်းတွေရှိပြီး စခန်းပြင်ပကို အထွက်နည်းလာတာ တစ်လလောက်ရှိပြီလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြားကာလ ပညာရေးအတွက် မြောင်မြို့နယ်မှာ စာသင်ကျောင်း ၂၂ ကျောင်းထိ ဖွင့်လှစ်လာနိုင်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အခြေခံပညာစာသင်ကျောင်း ၂၂ ကျောင်းမြောက်ကို အောင်မြင်စွာ ဖွင့်လှစ်ထားနိုင်ပြီလို့ Myaung Education Network မြောင်ပညာရေးကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။ ဧပြီလ ၁၈ ရက်နေ့မှာ၂၂ ကျောင်းမြောက် အခြေခံပညာစာသင်ကျောင်းဖွင့်ပွဲ လုပ်ခဲ့တာဖြစ်ပြီး အဆိုပါစာသင်ကျောင်းဟာ အထက်တန်းအဆင့်ထိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော် ထိတွေ့တိုက်ပွဲ အကြမ်းဖက်စစ်သား ၃ ဦးသေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျွန်းချောင်းရွာအနီး ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ ဧပြီ ၂၀ ရက်၊ ညနေ ၃ နာရီခွဲလောက်မှာ နောင်ကြီးအိုင်ရဲစခန်းဘက်ကလာတဲ့ အကြမ်းဖက်စစ်တပ်၊ ခြေလျင်စစ်ကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမှာ စစ်သတင်းပေးလို့ နာမည်ကြီးနေသူတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း စစ်သတင်းပေးလို့ နာမည်ကြီးနေသူတစ်ဦး ဒီနေ့မနက်မှာ ရှင်းလင်းခံရပါတယ်။ ခရမ်းမြို့နယ်၊ တကောကန်ကျေးရွာနေ အကြမ်းဖက်စစ်တပ်သတင်းပေးလို့ အများကသတ်မှတ်ကြတဲ့ သန့်ဇင်(ခ)မောင်ဇင်ဆိုသူကို သပြုကန်ကျေးရွာမှာ ဒီနေ့မနက် ၆ နာရီလောက်က အမည်မသိအဖွဲ့တစ်ခုက သေနတ်နဲ့ ၉ ချက်ပစ်ခတ်ခဲ့ရာ နေရာမှာတင်ပွဲချင်းပြီး [ဆက်လက်ဖတ်ရှုရန်]