ဒေသအလိုက် သတင်းကဏ္ဍ

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာတရားရုံးလွှဲဖို့ သံအမတ်ကြီးတိုက်တွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် လူသားမဆန်တဲ့ မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံးဆီ လွှဲပြောင်းဖို့ အရေးတကြီးလိုအပ်နေပြီလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ ဇွန်၂၄ရက်နေ့၊ ကာကွယ်မှုပေးရန် တာဝန်ရှိမှု (Responsibility to Protect) နဲ့လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ် ရာဇဝတ်မှု၊ လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းမှုနဲ့လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရုတ်နဲ့ရုရှားကန့်ကွက်လို့ မြန်မာ့အရေး လုံခြုံရေးကောင်စီ ကြေညာချက် မထွက်

တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမဲ့ အထမမြောက်ခဲ့ကြောင်း သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။ မြန်မာ့အရေးကို ဖြေရှင်းနိုင်ရေးအတွက် ဗြိတိန်နိုင်ငံက ဦးဆောင်ပြုစုခဲ့တဲ့ ဆုံးဖြတ်ချက် မူကြမ်းထဲက အသုံးအနှုန်းတွေကို တရုတ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေကို အရေးပေါ်ကာကွယ်ပေးဖို့ တောင်းဆို

၂၈၊ဇန်နဝါရီလ၊၂၀၂၂။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေကို အရေးပေါ်အကာအကွယ်ပေးဖို့အရပ်ဖက်နဲ့ လူ့အ ခွင့်အရေးဆိုင်ရာအဖွဲ့ပေါင်း၃၀၀လောက်က တောင်းဆိုလိုက်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့တံခါးပိတ်အစည်းအဝေးကျင်းပ နေတာနဲ့ အတူ အဖွဲ့အစည်းပေါင်း ၃၀၀ လောက်က ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီတောင်းဆို

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။ အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီက တောင်းဆို လိုက်ပါတယ်။ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ဂျာနိုင်ငံက ဒီဇင်ဘာလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ အဲဒီလိုဖော်ပြထားပြီး နိုင်ငံတော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အထူးစိုးရိမ်ဖွယ် စစ်ရေးတိုးမြှင့်မှုတွေကြောင့် မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေး

၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ မြန်မာအနောက်မြောက်လွင်ပြင်အထူး စိုးရိမ်ဖွယ်ရာ စစ်ရေးတိုးမြှင့်နေမှုအခြေအနေအရ ကုလသမဂ္ဂလုံခြုံရေးကောင် စီမှာ မြန်မာအရေးနဲ့ပတ်သက်တဲ့တံခါးပိတ်အစည်းအဝေးကို ဗြိတိန်နိုင်ငံရဲ့မေတ္တာရပ်ခံချက်နဲ့ ဒေသစံတော်ချိန် နိုဝင်ဘာ၈ရက်နေ့မှာ ကျင်းပနေပါတယ်။ ၂၀၂၀ရွေးကောက်ပွဲတစ်နှစ်ပြည့်နေ့နဲ့တိုက်ဆိုင်စွာပဲ တံခါးပိတ်အစည်းအဝေးကျင်းပတာဖြစ်ပြီးမြန်မာအကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးတိုးမြှင့်နေမှုလုပ်ရပ်ဟာ ပြီးခဲ့တဲ့ ၄နှစ်က ရခိုင်ပြည်နယ်အတွင်းရိုဟင်ဂျာတွေကို ရက်ရက်စက်စက်နှိမ်နင်းခဲ့တာကိုပြန်မြင်ယောင်စေတယ်လို့ဗြိတိန်နိုင်ငံရဲ့ [ဆက်လက်ဖတ်ရှုရန်]