နိုင်ငံရေး

စစ်ကောင်စီတပ်နဲ့ MNDAA တို့ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

ဇွန်၊ ၄   ရှမ်းပြည်နယ်၊ အထူးဒေသ (၄) မိုင်းလားမြို့မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေစဉ် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA)က ဒီကနေ့ ဇွန်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မေ၊ ၃၀ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုတွေအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တို့ ရှမ်းပြည်နယ်၊ မိုင်းလားမြို့မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ မိုင်းလားက လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လို့ လူသိများတဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ထဲမှာ မိုင်းလား လက်နက်ကိုင်တပ် ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင့်တပ်တော် AA တို့ ပါဝင်ပါတယ်။ စစ်ကောင်စီနဲ့ အဲဒီမဟာမိတ်သုံးဖွဲ့ဟာ ဇွန်လ ၁ ရက်မှာ မိုင်းလားမြို့မှာ တွေ့ဆုံကြမှာဖြစ်ပြီး မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေ မိုင်းလားမြို့ကို ဒီကနေ့ရောက်ရှိလာကြတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ က လာရောက်တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ဒီဆွေးနွေးပွဲကို တရုက်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန်လည်း တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်မှာဖြစ်ပြီး လက်ရှိမှာ မိုင်းလားမြို့ကို ရောက်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်သင်တန်းပေးတာ၊ လက်နက်ထောက်ပံ့မှုပေးတာတွေ လုပ်နေတဲ့ အဖွဲ့တွေဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

မေ၊ ၃၀   တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုတွေအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တို့ ရှမ်းပြည်နယ်၊ မိုင်းလားမြို့မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ မိုင်းလားက လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။   မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လို့ လူသိများတဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ထဲမှာ [ဆက်လက်ဖတ်ရှုရန်]