နိုင်ငံရေး

ဖယ်ခုံကလူသားဒိုင်းအဖြစ်အဖမ်းခံရတဲ့ရွာသားတွေကိုစစ်တပ်က ထောင် ၃နှစ်စီချ

ရှမ်းကယားနယ်စပ်က ဖယ်ခုံမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက စစ်တပ်ကလူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ ရွှေပြည်အေးရွာသား ၁၈ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲပြီး အခုဒီဇင်ဘာလထဲမှာ ထောင် ၃နှစ်စီချလိုက်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ကပြောပါတယ်။ “အခုလိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခံရပြီးတော့ထောင်ချခံရတာသိထားလိုက်တယ်။ ပုဒ်မ ၅၂(က)နဲ့တရားစွဲခံရပြီးလွိုင်ကော်မြို့တောင်လေးလုံးအကျဥ်းထောင်တွင်းတရားရုံးကထောင်ဒဏ်ချမှတ်တာ”လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ကတာဝန်ရှိသူကပြောပါတယ်။ အခုလိုရွာသားတွေဖမ်းဆီးထောင်ချခံရတဲ့ ဖယ်ခုံမြို့နယ်ရွှေပြည်အေးကျေးရွာဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၈ရက်တာစနိုက်ပါစစ်ဆင်ရေး အကြမ်းဖက်စစ်သား၃၅ဦးသေ

၈ရက်တာအတွင်းအလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့က အကြမ်းဖက်စစ်သား ၃၅ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရပါတယ်။ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအရှေ့ဘက်ကမ်းနဲ့ဖရူဆိုမြို့နယ်တို့မှာ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၁ရက်နဲ့ ၁၂ရက်နေ့တို့မှာဖရူဆိုမြို့နယ် ဒေါညေခူကျေးရွာရောက်နေတဲ့စစ်ကြောင်းကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ဉီးကိုသုတ်သင် [ဆက်လက်ဖတ်ရှုရန်]