No Picture
ဒေသအလိုက် သတင်းကဏ္ဍ

အလုပ်သမားတွေကို ဖမ်းဆီးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီလိမ်လည် ဖြေရှင်းနေတယ်လို့ ဝေဖန်ခံရ

ဇူလိုင်၊ ၁၅ ရန်ကုန်မြို့တွင်းစက်ရုံတချို့ကအလုပ်သမားသမဂ္ဂဝင်တွေနဲ့အလုပ်သမားတချို့ကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စစီဟာ ဝေဖန်မှုတွေကို လက်မခံသလို လိမ်လည်ဖြေရှင်းတာမျိုးအထိလုပ်နေတယ်လို့ အလုပ်သမား အသိုင်းအဝိုင်းက ဝေဖန်ကြပါတယ်။  “လုပ်ငန်းခွင်ပြသနာကို ဝင်ပါပြီး အလုပ်သမားတွေကိုဖမ်းဆီးတာသိသာထင်ရှားနေတာကို သူတို့အကျင့်အတိုင်း ဝန်မခံရဲတော့ အကြောင်းရှာလိမ်တာလို့ဘဲပြောချင်တယ်၊အလုပ်သမားတွေက လုပ်ငန်းခွင်ပြင်ပနိုင်ငံရေးတောင်း ဆိုချက်တွေလုပ်တာမဟုတ်ဘူးလေ”လို့ အလုပ်သမားသမဂ္ဂ​ခေါင်းဆောင်တဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]