ဒေသအလိုက် သတင်းကဏ္ဍ

ပြည်-ပေါက်ခေါင်းလမ်းချဲ့ထွင်ဖို့လို့ဆိုကာ နေအိမ်ငါးရာကျော်ကိုဖယ်ရှားခိုင်းနေ

ဇွန် ၊ ၁၅ ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်ခရိုင်၊ ‌ပြည်-ပေါင်းတလည်-ပေါက်ခေါင်း လမ်းမကြီးကို လေးလမ်းသွား ကတ္တရာ လမ်းမကြီးဖောက်လုပ်မယ်လို့ဆိုကာ အဲ့ဒီလမ်းမအနီးက နေအိမ်နဲ့ဆိုင်ခန်းငါးရာကျော်ကို စစ်ကောင်စီကဖယ်ရှားခိုင်းတာကြောင့် အခက်တွေ့နေကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ အဲ့ဒီလမ်းမဘေးက လူနေအိမ် ဆိုင်ခန်းတွေကို အခုလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်မြို့မှာ ကိုဗစ်ရောဂါဖြစ်ပြီး တဦးထပ်မံသေဆုံး

မေ၊ ၈   ပဲခူးတိုင်း၊ ပြည်မြို့မှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားပြီး မနေ့မေလ ၇ ရက်နေ့ ညနေပိုင်းက အမျိုးသားတဦးဟာ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဆေးရုံဝန်ထမ်းတွေနဲ့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်နဲ့ပေါင်းတည်အကျဉ်းထောင်တွေက ပြန်လွတ်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသားမပါ

ဧပြီ၊ ၁၇   စစ်ကောင်စီက ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ နှစ်ဆန်းတရက်နေ့ ပဲခူးတိုင်းအနောက်ခြမ်း ပြည်ထောင်နဲ့ ပေါင်းတည်အကျဉ်းထောင်တွေကနေ ပြန်လွတ်လာသူ (၁၃)ဦးရှိပြီး နိုင်ငံရေးအကျဉ်းသား တဦးမှမပါဘူးလို့ နိုင်ကျဉ်းမိသားစုဝင်တွေ၊ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်လျှပ်စစ်ရုံးကို သစ္စာဖောက်လောက်ကောင်အဖြစ် ပြင်းထန်စွာ သတိပေး

ပဲခူးတိုင်း၊ ပြည်မြို့ လျှပ်စစ်ရုံးကို ပြည်သူ့သစ္စာဖောက် လောက်ကောင်အဖြစ်ပြင်းထန်စွာသတိပေးလိုက် ကြောင်း ပြည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။ ပြည်မြို့နယ်လျှပ်စစ်ရုံးဟာ မီတာခအတင်းအကျပ်ကောက်ခံခြင်း၊မီတာခမတတ်နိုင်တဲ့အိမ်တွေက မီတာပုံး တွေကို ဖြုတ်သိမ်းခြင်းနဲ့ကျေးရွာလုံးကျွတ်လျှပ်စစ်မီးဖြတ်တောက်ခြင်းတို့ကိုလုပ်ဆောင်နေတာကြောင့် ကျူးလွန်ထားတဲ့အပြစ်အတိုင်း ပြန်လည်ပေးဆပ်ရမယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ‘စစ်ခွေးတွေခိုင်းသမျှ တသွေမတိမ်းလုပ်တယ်။ပြည်သူတွေဘာဖြစ်ဖြစ် ငါတို့ကတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်ကနေအိမ်တချို့ကို မြို့ရိုးနဲ့မလွတ်ဘူးဆိုပြီး ဘူဒိုဇာနဲ့ထိုးဖျက်နေ

ပဲခူးတိုင်း၊ ပြည်မြို့ ရွှေတံခါးဘူတာ ပတ်ဝန်းကျင်က နေအိမ်တွေ ကိုသရေခေတ္တရာမြို့ရိုးနဲ့ မလွတ်ဘူးလို့ဆိုကာ ဘူဒိုဇာနဲ့ထိုးဖျက်နေတယ်လို့ သိရပါတယ်။ မတ်လ ၄ ရက်နေ့ မနက်ကစပြီး ပြည်မြို့ ရွှေတံခါးရပ်ကွက် ၊ရွှေတံခါးဘူတာ ပတ်ဝန်းကျင်က နေအိမ်တွေနဲ့ခြံစည်းရိုး အုတ်တံတိုင်းတွေကို ရှေးဟောင်းသုတေသနဌာန [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင်ပြည်မြို့လာမယ်ဆိုတဲ့သတင်းအရ အာဏာရှင်ဆန့်ကျင်ရေးစာတန်းတွေ ချိတ်ဆွဲ ဆန္ဒပြ

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြည်မြို့ကို လာမယ်ဆိုသောသတင်းကြောင့်မြို့လယ်ခေါင်နေရာတချို့မှာ အာဏာရှင်ဆန့်ကျင်ရေးစာတန်းတွေ ချိတ်ဆွဲဆန္ဒပြခဲ့ပါတယ်။ “ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်း တွန်းလှန် တိုက်ပွဲအောင်လံထူကြ လွှင့်ကြ” “ပြည်သူတွေက လက်န က် မပါလဲတိုက်ရဲတယ် မင်းတို့သတ္တိရှိရင် လက်န က်မပါဘဲလာခဲ့ကြ”စာသားပါ စာတန်းတွေကို [ဆက်လက်ဖတ်ရှုရန်]