ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးက စစ်ရှောင်တွေမှာ ဆေးဝါးမလုံလောက်

စစ်ကောင်စီရဲ့ ဆက်တိုက်စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်စွန့်ခွာပြေးနေရတဲ့ဆားလင်းကြီးနယ်ထဲက ဒေသခံတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်တွေအပြင် ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေကပြောပါတယ်။ ဆားလင်းကြီးနယ်၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်းတလျောက်က ကျေးရွာတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကောင်စီတပ်တွေက ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသခံထောင်ချီဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတာပါ။ တဖက်မှာလည်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲဖြစ်ပွားနေသလိုစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံတွေဟာလည်း ညတွင်းချင်းရွာကနေထွက်ပြေးတိမ်းရှောင်ရတာတွေလည်းဆက်ဖြစ်နေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]