ဘုတလင်မှာ  ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုစီးနင်းခံရပြီး ခြောက်ဦးကျဆုံး

ဘုတလင်မှာ  ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုစီးနင်းခံရပြီး ခြောက်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် ပဲပြစ်တောအရှေ့ရွာအနီးက ဒေသကာကွယ်ရေးတပ်စခန်းတခု စက်တင်ဘာ ၁၃ရက် မနေ့က မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခံရပြီး ကာကွယ် ရေး တပ်ဖွဲ့ဝင်ငါးဦးနဲ့ CDM ဝင်ထားတဲ့ စစ် သားတဦးကျဆုံးခဲ့တယ်လို့ ဒေသခံတချို့က DNA ကိုပြောပါတယ်။ “လက်နက်ကြီးနဲ့အရင်ထုတာပေါ့၊ပြီးမှစခန်းဝင်စီးတာ စခန်းကိုလည်းမီးရှို့လိုက်ကြပြီ၊အလောင်း ခြောက် လောင်းသူတို့တွေ့တယ်လို့ပြောနေကျတာပဲ” လို့အမည်မဖော်လိုတဲ့ဒေသခံ တစ်ဦးက ပြောပါတယ်။ စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့စခန်းဟာ ဘုတလင်မြို့နယ်အခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ ဒုံးပျံ Local PDF အဖွဲရဲ့တပ်စခန်းတခုဖြစ်တယ်လို့သိရပါတယ်။ဒုံးပျံPDF အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူတို့ရဲ့…

Read More