စစ်အုပ်စုက စာပေပုံနှိပ်တိုက်တွေရဲ့ ထုတ်ဝေခွင့်ပိတ်သိမ်းတာတွေများလာ

စစ်အုပ်စုက စာပေပုံနှိပ်တိုက်တွေရဲ့ ထုတ်ဝေခွင့်ပိတ်သိမ်းတာတွေများလာ

ဧပြီလ ပထမ ဆယ်ရက်အတွင်းမှာပဲ စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကနေ စာပေ ပုံနှိပ်တိုက် သုံးခုကို ပိတ်လိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဝင်းတိုးအောင် ပုံနှိပ်တိုက်နဲ့ ရန်အောင်စာပေတိုက်တို့ကို ဧပြီ ၇ ရက်နေ့ကစလို့ စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့် ပိတ်လိုက်တာဖြစ်ပြီး ဒီမတိုင်ခင် ရက်ပိုင်းကလည်း စစ်အုပ်စု လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ရွှေလာဘ်စာပေတိုက်ကို ပိတ်သိမ်းခဲ့ပါသေးတယ်။ “စစ်အုပ်စုက စာပေစီစစ်ရေးကို ပြန်ပြီးအသက်သွင်း‌‌နေတာ။ ထုတ်ဝေခွင့် အပိုင်းတွေကို လိုက်ကြပ်နေတာ။ ပြည်တွင်းမှာက စာပေလွတ်လပ်ခွင့်မရှိတော့ဘူး။…

Read More