ကမာရွတ် စည်ပင်ရဲဝန်းထဲ ဗုံးပေါက်ကွဲပြီး လမ်းသွားလမ်းလာ လေးဦးထိခိုက်ဒဏ်ရာရ

ကမာရွတ် စည်ပင်ရဲဝန်းထဲ ဗုံးပေါက်ကွဲပြီး လမ်းသွားလမ်းလာ လေးဦးထိခိုက်ဒဏ်ရာရ

ကမာရွတ်မြို့နယ်၊ နာနတ်တောမီးပွိုင့်အနီးက စည်ပင်ရဲဝန်းအတွင်းမှာ ဒီကနေ့စက်တင်ဘာ (၁၆) ရက် မနက် ၁၀ နာရီလောက်ကဗုံးပေါက်ကွဲပြီး လမ်းသွားလမ်းလာတချို့ထိခိုက်မှုရှိတယ်လို့အနီးဝန်းကျင်မှာနေထိုင်သူတွေက DNA ကိုပြောပါတယ်။   “ကြားတာတော့ လေးဦးပေါ့၊ဆေးရုံကားနဲ့ခေါ်သွားပြီ၊ထိတာနဲနဲတော့များတယ်ထင်တယ်” လို့ စည်ပင်ရဲဝန်းအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။   ပေါက်ကွဲမှု​ဖြစ်ပွားပြီးနောက်မှာစစ်ကောင်စီတပ်တွေ ရောက်လာပြီး မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံးထပ်မံတွေ့ရှိတာကြောင့် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။ “နောက်ထပ်ဗုံးတစ်လုံး ထပ်တွေ့တယ်လို့ကြားတယ်၊ သိပ်မကြာဘူး စကစတပ်တွေက ဖောက်ခွဲလိုက်တယ်၊ ဗုံးပေါက်သံအကျယ်ကြီး ထပ်ကြားလိုက်ရသေးတယ်”လို့ စည်ပင်ရဲဝန်းအနီးက အိမ်ယာတစ်ခုမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။…

Read More