နိုင်ငံရေး

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ရွာခံလေးဦးကို NUG ဖမ်းဆီးအမှုဖွင့်

ဧပြီ၊ ၂၉   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို သတင်းပေးခဲ့တဲ့လေးဦးကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ NUG က ဒီကနေ့ထုတ်ပြန်ထားသလို ဖမ်းဆီးခံရသူတွေဟာ ပဇီကြီးရွာခံတွေဖြစ်တယ်လို့ ဒေသခံတွေကလည်း DNA ကိုပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်လက်ချက်နဲ့ဆယ်ရက်အတွင်းလူလေးဆယ်ကျော်သေဆုံး

မတ်၊ ၁၃ အခုလအတွင်း နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် ငါးခုမှာ စစ်တပ်လက်ချက်နဲ့ သံဃာတော်တွေအပါအဝင် (၄၃)ဦး သေ ဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့် ခွဲရေး ဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ဖမ်းသွားတဲ့ CDMသူနာပြု၊ နဖူးသေနတ်ဒဏ်ရာနဲ့ ရုပ်အလောင်းပြန်တွေ့

ဖေဖော်ဝါရီ၊ ၂၈ စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားကြီးကျေးရွာမှာ အကြမ်းမဖက် အာဏဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာပါဝင်ခဲ့တဲ့ သူနာပြုဆရာမတဦးကို စစ်တပ်က ဖမ်းသွားပြီးနောက် လေးရက်အကြာမှာနဖူးသေနတ်ဒဏ်ရာနဲ့ ရုပ်အ လောင်းပြန်တွေ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ သူနာပြုဆရာမ ဒေါ်သဲသဲဝင်းဆိုသူဟ သူမနေထိုင်ရာ မိုးတားကြီးကျေးရွာမှာ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

စစ်တပ်က အပစ်ရပ်ကတိမတည်တာ၊ စစ်ကြောင်းထိုးနေတာတွေကြောင့် တိုက်ပွဲ‌ပြန်ဖြစ်နိုင်တယ်လို့ AA ပြော

ဖေဖော်ဝါရီ၊ ၂၇ အလွှတ်သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲထားကြတဲ့ ရခိုင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က လူနေ ရွာ တွေဆီ စစ်ကြောင်းထိုးတာ၊ ရိက္ခာ၊ လက်နက်ဖြည့်တင်းတာတွေ ရှိနေသလို အပစ်ရပ်ချိန်က သဘောတူထား ခဲ့ ကြတဲ့ ကတိတွေကိုလည်း အကောင်အထည်ဖော်တာမျိုး မရှိဘူးလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်နဲ့ KNLA တိုက်ပွဲဖြစ်ခဲ့တဲ့ ဘီးလင်းမှာ ဒေသခံနှစ်ဦးဒဏ်ရာရပြီးတဦးစိုးရိမ်ရ

  မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေလေးနာရီကျော်က စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်လလို့ နှစ်ဘက်ထိခိုက်မှုတွေရှိသလို ဒေသခံ နှစ်ဦးလည်းဒဏ်ရာရပြီး တဦးက တော့ စိုးရိမ်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းပြီးနောက် ဗကသ အဖွဲ့ဝင်ကျောင်းသား ကိုးဆယ်ကျော်ဖမ်းဆီးခံရ

စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ သမဂ္ဂ အဖွဲ့ ချူပ် အဖွဲ့ဝင်ကျောင်းသား ကိုးဆယ်ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဗကသ များအဖွဲ့ချုပ်ဗဟိုအမှုဆောင်တွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီကနေ့အထိဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ဗကသကျောင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဏာသိမ်းဖို့ စီစဉ်နေကြောင်း စွပ်စွဲချက်တွေကို နိုက်ဂျီးရီးယားစစ်တပ် ငြင်းပယ်

အာဏာသိမ်းဖို့ ကြံစည်နေတယ်ဆိုတဲ့ အစိုးရရဲ့ စွပ်စွဲချက်အပေါ် ရွေးကောက်ပွဲကြို ကာလမှာ နိုက်ဂျီးရီးယား စစ်တပ်က ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။ လက်ရှိ အာဏာရ အလုံးစုံ တိုးတက်ရေး ကွန်ဂရက်ပါတီ (APC)ရဲ့ တာဝန်ရှိသူ တချို့က အခုလ အစောပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောင်းလုံးမှာစစ်တပ်ထုတ်ကုန်မသုံးဖို့စည်းရုံးနေချိန် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခံရ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်က ရွာတစ်ရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ (၁၀)ရက်မနက်ပိုင်းက ထား ဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကဦးဆောင်ပြီး စစ်တပ်ထုတ်ကုန်တွေမသုံးဖို့စည်းရုံးရေးလုပ်နေချိန်မှာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခံခဲ့ရတယ်လို့ DMSCရဲ့ တာန်ခံကိုမင်းလွင်ဦးက DNAကိုပြောပါတယ်။ “ကျွန်တော်တို့စည်းရုံးဟောပြောမှုလုပ်နေတဲ့အချိန်မှာ ထိပ်မှာလမ်းသွယ်လေးရှိတယ်၊အဲ့​ဒီလမ်းသွယ်လေးကနေ ဆိုင်ကယ်နဲ့ထွက်လာပြီး သေနတ်နဲ့နှစ်ချက်ဖောက်တယ်၊ကျွန်တော်တို့ရဲဘော်တချို့ကတော့မြင်လိုက်တယ်”လို့ သူကပြောပါတယ်။ သေနတ်နဲ့ခြိမ်ခြောက်ပစ်ဖောက်ခဲ့တဲ့အမည်မသိအမျိုးသားနှစ်ဦးဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာစစ်တပ်ဟာ ပြည်သူနဲ့ စစ်ဖြစ်နေ၊ အပြစ်မဲ့ ကလေးငယ်တွေ စစ်ပွဲကြားက မြေဇာပင် ဖြစ်နေ

မြန်မာစစ်တပ်ဟာ ပြည်သူတွေနဲ့ စစ်ဖြစ်နေတဲ့အတွက် အပြစ်မဲ့ ကလေးငယ်တွေ စစ်ပွဲကြားက မြေဇာပင်တွေ ဖြစ်နေကြရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူး ကပြောပါတယ်။ ကျဆုံးတဲ့ မျိုးဆက်တခု လို့ နာမည်ပေးထားတဲ့ တွမ်အန် ဒရူး ရဲ့အစီရင်ခံမှာ [ဆက်လက်ဖတ်ရှုရန်]